တပ်မတော်သည် ခေတ်အဆက်ဆက်ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပြီး နောင်တွင်လည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်

နေပြည်တော်   စက်တင်ဘာ   ၁၉


တပ်မတော်သည်   ခေတ်အဆက်ဆက်ကတည်းကပင်   နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက် ရှိသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပြီး နောင်တွင်လည်း ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊      ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသသည် တိုင်းရင်းသားလူမျိုးစုများ အဓိကနေထိုင်သည် ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဒေသတွင်း ဖြစ်ပေါ် သည့် အခက်အခဲများကို တိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ လုပ်ဆောင်၍  လက်တွဲဖြေရှင်းကြရမည်ဖြစ်ကြောင်း   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်က   ယနေ့နံနက်ပိုင်းတွင်  လားရှိုး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။ 


တက်ရောက်


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ဇနီး    ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊  အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က   အမှာစကားပြောကြားရာတွင်   အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေသည် နိုင်ငံတော်၏ အရှေ့ဘက်ခြမ်း နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ကို  ထမ်းဆောင်နေရသည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့် အတူ မွေးဖွားခဲ့သည့်                      

 

P ရှေ့ဖုံးမှ
တပ်မတော်သည်  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ပြည်တွင်းပဋိပက္ခနှိမ်နင်း ရေး  တာဝန်များကို  ခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့ရာတွင်   ပြည်သူတို့၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားတို့ကို လည်း အစဉ်တစိုက်ကာကွယ်စောင့်ရှောက် ခဲ့သည်ကို အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ တပ်မတော် ၏ ဆန္ဒဖြစ်သည့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်စေရေး အတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ပြည်သူနှင့် တစ်သား တည်းဖြစ်အောင်လုပ်ဆောင်၍  ပြည်သူ ၏ လိုအပ်ချက်၊ တိုင်းပြည်၏ လိုအပ်ချက် တို့ကို      တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍        သော်လည်းကောင်း လုပ်ဆောင်ပေးခဲ့သည်ကို သမိုင်းကြောင်း များတွင်    တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့   မွန်မြတ်ပြီး    ကောင်းမွန်သည့် တပ်မတော်၏ အစဉ်အလာကောင်းများ ကို  ဆက်လက်ထိန်းသိမ်း   လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း။
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့
မိမိတို့နိုင်ငံ၌    ကိုဗစ်-၁၉  ရောဂါ ဖြစ်ပေါ်ခဲ့စဉ်တွင်လည်း    တပ်မတော် အနေဖြင့်      ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း၊ စက်ကိရိယာနှင့်   အထောက်အကူပြု ဆေးဝါးလိုအပ်ချက်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည့်အပြင်    ဆေးရုံ တက်ရောက်     ကုသမှုခံယူနေရသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အတွက်    အာဟာရဖြည့်စွက်စာများ လှူဒါန်းခြင်းနှင့်   အထွေထွေလိုအပ်ချက် များ     ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးခဲ့ပြီး    ယခုထက်ထိ လည်း   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သည်  ခေတ်အဆက်ဆက် ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေး နှင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေးရှု ဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက် တိုင်ပင်ဖြစ်ပြီး နောင်တွင်လည်း ဆက်လက် ထိန်းသိမ်း   ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။
တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေး နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည် တိုးတက်ရေးနှင့်  ပြည်သူလူထု၏ လူမှု စီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အစိုးရနှင့် အတွဲညီညီ ဆောင်ရွက်ခဲ့ကြောင်း၊   ၂၀၁၅  ခုနှစ် ရွေးကောက်ပွဲအပြီးတွင်    ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်     တက်လာခဲ့ပြီး ငါးနှစ်တာကာလအုပ်ချုပ်ခဲ့ကာ စီမံခန့်ခွဲ ရေး၊  စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ် ရေး၊  လုံခြုံရေးနှင့်   အခြားကဏ္ဍများ၌ တပ်မတော်မှ ဖြစ်သင့်ဖြစ်ထိုက်သည်များ ကို    အကြံပြုထောက်ပြခဲ့သော်လည်း စစ်ဘက်၊ အရပ်ဘက် ပူးပေါင်းဆောင်ရွက် မှု အားနည်းခဲ့ကြောင်း။
လေးစားလိုက်နာရမည်
လက်ရှိ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့်ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိပြီး ဖြစ်မည်ဖြစ်ကြောင်း၊  ၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရပြီး နိုင်ငံရေး အရ အရေးပေါ်ကြေညာ တာဝန်ယူခဲ့ရခြင်း ဖြစ်သဖြင့်   အခြေခံဥပဒေအတိုင်းသာ ဆက်လက်    ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး    ဆန္ဒမဲပေး၍ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ်ပါ ဥပဒေပြဋ္ဌာန်းချက် များကို     လေးစားလိုက်နာရမည်ဖြစ် ကြောင်း၊ အခြေခံဥပဒေတွင် လိုအပ်ချက်၊ အားနည်းချက်များ  ရှိကောင်းရှိမည်ဖြစ် သော်လည်း တိုင်းပြည်နှင့် ပြည်သူကို အကာအကွယ်ပေးထားသည့် ကောင်းမွန် သည့် အချက်များစွာလည်းပါရှိကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို      ထမ်းဆောင်ခဲ့ရပြီး နောက်ပိုင်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို  ဖွဲ့စည်းကာ  ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊   ဦးတည်ချက်   (၉)ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊     ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားရေး အရ လုပ်ဆောင်ရမည့်အချက် (၁)ချက်နှင့် နိုင်ငံရေးအရလုပ်ဆောင်ရမည့်အချက်(၂)ချက် ရှိကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ် အဖြစ်ဆောင်ရွက်ရမည့်     လုပ်ငန်းမှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးဖြစ်ကြောင်း၊  နိုင်ငံရေးအရ လုပ်ဆောင်ရမည့်    လုပ်ငန်းစဉ်(၂)ခုမှာ စစ်မှန်စည်းကမ်းပြည့်ဝသည့်   ပါတီစုံ ဒီမိုကရေစီစနစ်       ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့်  ပြည်ထောင်စုတည်ဆောက်ရေး တို့ပင်ဖြစ်ကြောင်း၊ အထက်ပါ အချက်(၃) ချက်ကို ဒို့တာဝန်အရေးသုံးပါးကဲ့သို့ပင် ခံယူဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့ နိုင်ငံသည် ပြည်မကိုဗဟိုပြု၍ တိုင်းရင်း သားဒေသများဖြင့် ပေါင်းစည်းထားသည့် ပြည်ထောင်စုနိုင်ငံတစ်ခု   ဖြစ်ကြောင်း၊ ဘာသာရေးအရ၊ တိုင်းရင်းသားရေးအရ အယူအဆကွဲလွဲမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ် ကိုအခြေခံသည့်၊ မိမိတို့နိုင်ငံနှင့်ကိုက်ညီ သည့် အုပ်ချုပ်မှုပုံစံမျိုးကို ကျင့်သုံးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုအုပ်ချုပ်ရာတွင် တစ်ဗိုလ် တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့်     ကွပ်ကဲအုပ်ချုပ်မှုရှိရမည် ဖြစ်သဖြင့်  ခိုင်မာသည့်အဖွဲ့အစည်း၊ ပါတီ တို့       ပူးပေါင်းဆောင်ရွက်မှသာလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို    ဖော်ဆောင်နိုင်မည်ဖြစ် ကြောင်း။ 


လက်တွဲဖြေရှင်းကြရမည်


တပ်မတော်၏  အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သဖြင့် စွမ်းရည်စွမ်းအားရှိသည့်   တပ်မတော် ဖြစ်ရန်လိုအပ်မည်       ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသသည် တိုင်းရင်းသားလူမျိုးစုများ  အဓိကနေထိုင် သည်ဖြစ်သဖြင့်    အရာရှိ၊   စစ်သည်၊ မိသားစုများအနေဖြင့် ဒေသတွင်းဖြစ်ပေါ် သည့် အခက်အခဲများကို တိုင်းရင်းသား များနှင့်အတူ အေးအတူပူအမျှလုပ်ဆောင် ၍ လက်တွဲဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည် ဖြစ်စေ   စီမံခန့်ခွဲမှုကောင်းစွာဖြင့်  မိမိ အလုပ်ကို စေတနာထား၍ မှန်မှန်ကန်ကန် ဖြင့် လုပ်ဆောင်မည်ဆိုပါက ကောင်းမွန် သည့်  အကျိုးအမြတ်များ  ရရှိနိုင်မည် ဖြစ်သဖြင့်   ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့       ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။


တပ်မတော်သားတိုင်းသည် နိုင်ငံတော် နှင့်   ပြည်သူကို  ကာကွယ်မည်ဟူသည့် မွန်မြတ်သည့်စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်း ချက်မှ မပါရှိဘဲ Volunteer ဝင်ရောက် အမှုထမ်းကြသူများဖြစ်သည့်အတွက် မိမိတို့ ထမ်းဆောင်နေသည့် တာဝန်အပေါ် ခံယူချက်၊ ယုံကြည်ချက် နက်နက်ရှိုင်းရှိုင်း ဖြင့် တာဝန်ထမ်းဆောင်ရန်နှင့် တပ်မတော် သားတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံ ရမည်ဖြစ်ကြောင်း၊ နေ့စဉ်လုပ်ဆောင်နေရ သည့် လုပ်ငန်းတာဝန်များသည် တစ်ဦး ချင်း၏      ပင်ကိုအရည်အသွေးများကို မြှင့်တင်ပေးနေခြင်းဖြစ်သဖြင့်  မိမိတို့၏ ထိုးထွင်းကြံဆမှုဖြင့် ကြုံတွေ့လာရသည့် အခက်အခဲများကို ဆန်းစစ်ပြီး တွေးခေါ် မြော်မြင်မှုဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် ဉာဏ်ပညာကို    အသုံးချနိုင်ရန်  လိုအပ် ကြောင်း၊ ထိုသို့ အသုံးချနိုင်ရေးအတွက် အသိပညာနှင့်ပြည့်စုံရန်    လိုအပ်သည့် အတွက် မိမိတို့၏ အားလပ်ချိန်များတွင် အကျိုးရှိစေမည့်   စာအုပ်စာပေများကို ဖတ်မှတ်ကြရန်လိုကြောင်း၊     ထို့ပြင် လုံခြုံရေးသတိ၊  လုံခြုံရေးသတိ အမြဲ ထားရှိပြီး ကာကွယ်ရေးအမြင်ရှိနေရမည် ဖြစ်ကြောင်း။


အားပေးဆောင်ရွက်


ပညာရေးနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရရှိရေး မိမိကိုယ်တိုင်စာဖတ်ရန် လိုအပ်သကဲ့သို့ မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားမှု    ရှိစေရေးအတွက် လည်း     အားပေးဆောင်ရွက်ကြရန် လိုကြောင်း၊    ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအရ ကျောင်းများပိတ်ထား ရသော်လည်း မိမိတို့၏ ကလေးငယ်များ ကို ယခင်သင်ကြားခဲ့သည့်စာပေများကို ဖတ်မှတ်     လေ့လာနေစေရမည်ဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အသိပညာ ဗဟုသုတ   နောက်ကျမကျန်ခဲ့ရစေရေး အတွက် တပ်မတော်ပိုင်စာပေထုတ်လုပ် ရေးလုပ်ငန်းများမှ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတ၊ ရသ စာအုပ်စာပေများကို ထုတ်ဝေ၍        တပ်ဌာနချုပ်အသီးသီးသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊  လူတစ်ဦး၏ စာဖတ်အားသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အပံ့ ပေးနိုင်သည်ဖြစ်သဖြင့် စာဖတ်ကြစေလို ပြီး မိမိတို့၏ ကလေးငယ်များကိုလည်း ပညာရေးလမ်းကြောင်းမှ   သွေဖည်မသွား စေရေး    ကြပ်မတ်ထိန်းသိမ်းရမည်ဖြစ် ကြောင်း။ 


ကိုဗစ်-၁၉  ရောဂါ   ဖြစ်ပွားမှုနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ လျော့ကျလာပြီဖြစ်သော်လည်း စည်းကမ်း တင်းကျပ်မှုများကို ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု သိသာစွာ ကျဆင်းလာသည်အထိ ထိန်းချုပ်နိုင်သည့် အချိန်တွင် ပညာရည်မြှင့်တင်ရေးလုပ်ငန်း များကို ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊    ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်လျက်ရှိပြီး  ယခုနှစ်ကုန်ပိုင်း တွင် ကာကွယ်ဆေးထိုးနှံရန်လိုအပ်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ထိုးနှံ ပြီးစီးနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော် အနေဖြင့် မကျန်းမမာဖြစ်နေ၍ မရသည့် အတွက်              

 

 b စာမျက်နှာ ၄ မှ


 ထိုကဲ့သို့     အရည်အသွေးမြင့်ပြီး အောင်မြင်သည့်     စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ   ဖြစ်ပေါ်လာရေးအတွက် စိုက်ပျိုးမွေးမြူရေး   အသိပညာဗဟုသုတ နှင့် ပြည့်စုံသည့်  အသိပညာရှင် အတတ် ပညာရှင်များ    လိုအပ်မည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်သည့်    နိုင်ငံဖြစ်သော် လည်း စိုက်ပျိုးမွေးမြူရေးနှင့်  ပတ်သက် သည့်      တက္ကသိုလ်တစ်ခုသာရှိသည်ကို တွေ့ရှိရသဖြင့်      စိုက်ပျိုးမွေးမြူရေးသိပ္ပံ များ၊   ကောလိပ်များ   ထိုမှတစ်ဆင့် တက္ကသိုလ်များကို  ဖွင့်လှစ်သင်ကြားပေး နိုင်ရေး    စီမံဆောင်ရွက်လျက်ရှိကြောင်း၊  ရှမ်းပြည်နယ်  (မြောက်ပိုင်း) လားရှိုးမြို့ကို ဗဟိုပြု၍   စိုက်ပျိုးမွေးမြူရေး   သိပ္ပံ သို့မဟုတ်   ကောလိပ်တစ်ခု    ဖွင့်လှစ် အခြေတည်နိုင်ရေး  ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊       မိမိတို့နိုင်ငံတွင် ဆီဖူလုံမှုအားနည်းပြီး စားဆီနှင့် သုံးဆီကို   နှစ်စဉ်ဘီလီယံနှင့်ချီ၍      တင်သွင်းနေရ ကြောင်း၊  ဆီသုံးစွဲမှုများကို ချွေတာနိုင်ရေး အတွက် လျှပ်စစ်စွမ်းအားဖြင့်  အသုံးပြု နိုင်သည့်   သယ်ယူပို့ဆောင်ရေးနည်းလမ်း များ     ဥပမာအားဖြင့်-  လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊   မြေအောက်ရထား    စသည်ဖြင့်    စဉ်းစားလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ စားဆီထုတ်လုပ်မှု  မြင့်မား ရေးအတွက်   ဆီထွက်ကုန်သီးနှံများကို   အထွက်နှုန်းကောင်းမွန်‌အောင် လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း။ 
ကုန်ချောထုတ်ကုန်များ ထုတ်လုပ်


သစ်တောဆိုင်ရာများနှင့် ပတ်သက်၍ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တောစိုက်ခင်း များ  အောင်မြင်သည်ကို  တွေ့ရှိရသည့် အတွက်      ဝမ်းမြောက်မိပါကြောင်း၊ နည်းပညာမြင့်        သစ်တောထုတ်ကုန် လုပ်ငန်းများ   ဆောင်ရွက်ရန်လိုအပ်ပြီး ဒေသတွင်း   သယံဇာတကြွယ်ဝသည့် သစ်နှင့်ဝါး    ကုန်ချောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး    စဉ်းစားလုပ်ဆောင် ကြစေလိုကြောင်း၊ ဆန်နှင့်ပတ်သက်၍ တစ်ဧက အထွက်နှုန်း ယခုထက်တိုးတက် အောင်     လုပ်ဆောင်ကြစေလိုကြောင်း၊ အများသုံးဆန်အပြင် ဒေသဆန်ဖြစ်သည့်  ကောက်ညှင်း     အထွက်နှုန်းကိုလည်း ကောင်းမွန်အောင်      လုပ်ဆောင်ကာ ဒေသ၏     ပင်မထွက်ကုန်ဖြစ်အောင် လုပ်ဆောင်ရန်လိုကြောင်း၊  ကောက်ညှင်း ဆန်မျိုးကို      ထိန်းထားနိုင်ရန်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်ပသို့  တင်ပို့ရောင်းချရာတွင်    စပါးတင်ပို့ ရောင်းချမှုများကို အားမပေးလိုကြောင်း နှင့် ဒေသတွင်း၌ပင်  စပါးမှ  ဆန်ထုတ် လုပ်ပါက ဆန်စက်များလည်ပတ်နိုင်မည်၊ ဖွဲ၊ ဆန်ကွဲကဲ့သို့ ဆန်ထွက်ပစ္စည်းများမှ  တိရစ္ဆာန်အစာများ     ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ဒေသတွင်း၌လည်း အလုပ်အကိုင်    အခွင့်အလမ်းများ      ပိုမိုရရှိစေနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် စနစ်တကျ စဉ်းစား တွက်ချက် လုပ်ဆောင်ကြစေလိုကြောင်း၊  မိုးရေချိန် အသင့်အတင့်ရရှိသည့်  ဒေသ ဖြစ်သဖြင့် ရေရှားပါးမှုဖြစ်ပေါ်နေသည်မှာ သဘာဝမကျကြောင်း၊  ရေအရင်းအမြစ် များကို  ရှာဖွေပြီး  ရေစုဆောင်းခြင်းနှင့် ဖြန့်ဝေခြင်းလုပ်ငန်းများကို   မဖြစ်မနေ ရရှိအောင် လုပ်ဆောင်ရန်လိုကြောင်း။


ထိုကဲ့သို့ ဒေသတွင်း  ထုတ်ကုန်များ မြင့်မားရေး၊  စက်မှုလုပ်ငန်းများ     ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက် မှာ လျှပ်စစ်စွမ်းအားပင် ဖြစ်သည့်အတွက်   ဒေသတွင်း လျှပ်စစ်ဖူလုံရေး၊   သဘာဝ အရင်းအမြစ်များမှ    လျှပ်စစ်စွမ်းအား  ထုတ်ယူနိုင်ရေးအတွက်         စဉ်းစား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊    ဒေသ ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်  ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ဆောင် နိုင်သည်မှန်သမျှကို  ဦးစားပေးစဉ်းစား ဆောင်ရွက်ကြစေလိုပြီး    ထိုမှတစ်ဆင့်   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစား ရမည်ဖြစ်ကြောင်း၊  နိုင်ငံတော်တိုးတက် ရေးအတွက်      ပြည်ထောင်စုအဆင့်   အဖွဲ့အစည်းများ၊   တာဝန်ရှိသူများက လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊  ဒေသဦးစီးအဖွဲ့များ အနေဖြင့်လည်း ဒေသအတွက် လုပ်ဆောင် နိုင်သည်မှန်သမျှကို  စဉ်းစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊     ဒေသတွင်း  အဆင့်မြင့်    စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအပြင်   ခေတ်နှင့်အညီ     ပြောင်းလဲ လာသည့်  ဆောက်လုပ်ရေးလိုအပ်ချက် များဖြစ်သည့်   ဘိလပ်မြေ၊  သံမဏိ၊ ဓာတ်မြေဩဇာ   ထုတ်လုပ်ရေးလုပ်ငန်း များကိုလည်း    ထည့်သွင်းစဉ်းစားရန်လို ကြောင်း၊     ဒေသတွင်း   ဝင်ငွေကောင်းပြီး စီးပွားရေးတောင့်တင်းပါက    သာယာ လှပရေးလုပ်ငန်းများကို   လုပ်ဆောင်နိုင် မည်ဖြစ်ပြီး  မီးခိုးမထွက်သည့်  စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့်  ခရီးသွားလုပ်ငန်း များကိုလည်း    လုပ်ဆောင်လာနိုင်မည် ဖြစ်ကြောင်း၊ အိမ်သာလျှင် ဧည့်လာမည်  ဖြစ်ကြောင်း၊  ဒေသတွင်းသို့  လာရောက် သူများပြားလာပါက      ဒေသထွက်ကုန်၊ ထုတ်ကုန်များသည်လည်း  ပိုမိုရောင်းချ လာနိုင်မည်ဖြစ်ပြီး   ဒေသ၏အကျိုးစီးပွား ကို ပိုမိုဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့  တာဝန်ထမ်းဆောင်နေ ရသည့်   ဒေသ၏   လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ အားကစားကဏ္ဍ  အဆင့်မြှင့်တင် နိုင်ရေးတို့အတွက် အဆင့်ဆင့်တာဝန်ယူ ဆောင်ရွက်ကြရန်လိုကြောင်း၊  တိုင်းပြည် သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံ ပေါများသည့် တိုင်းပြည်တစ်ခုဖြစ်အောင် ကြိုးပမ်း  ဖော်ဆောင်ကြရန်လိုကြောင်း အကြံပြု       တိုက်တွန်းပြောကြားပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်  ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ပြည်နယ် ဝန်ကြီးချုပ်နှင့်    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊   ဒေသများမှ   တာဝန်ရှိသူများက ဒေသထွက်ကုန်ပစ္စည်းများကို အမှတ်တရ  ပေးအပ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက   တက်ရောက်လာကြသူ များအား    ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြ သည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်  နှင့် အဖွဲ့ဝင်များသည်  လားရှိုးမြို့  ခရိုင် အားကစားကွင်းအား သွားရောက်ကြည့်ရှု  စစ်ဆေးခဲ့ပြီး  အားကစားကွင်း    အဆင့် မြှင့်တင်ရေးနှင့်ပတ်သက်၍ လိုအပ်သည် များ မှာကြားခဲ့သည်။ 


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊  ဇနီးနှင့်  အဖွဲ့ဝင်များသည်  လားရှိုးမြို့ရှိ  သီရိမင်္ဂလာ  မန်ဆူရှမ်းကျောင်းတိုက်သို့ သွားရောက်၍  လားရှိုးမြို့၊   နိုင်ငံတော် ဩဝါဒါစရိယ၊   မဟာဗောဓာရုံကျောင်း တိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ  ဘဒ္ဒန္တ နာရဒအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီး၏  ကျန်းမာရေးဆိုင်ရာ များနှင့် ဘာသာရေးဆိုင်ရာတို့ကို မေးမြန်း လျှောက်ထားခဲ့ပြီး   လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။ 


သတင်းစဉ်