တပ်မတော်သားတို့သည် ၂၄ နာရီ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေရသည်ဖြစ်၍ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံ မှန်ကန်စွာနေထိုင်ရေးအတွက် ကိုယ်စီဂရုစိုက်နေထိုင်သွားကြရန် လိုအပ်

 

နေပြည်တော်  အောက်တိုဘာ  ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ် ရေးဦးစီးချုပ်  (ကြည်း)     ဒုတိယ ဗိုလ်ချုပ်မှူးကြီး      စိုးဝင်းသည်   ကာကွယ်ရေး        ဦးစီးချုပ်ရုံးမှ တပ်မတော်         အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်     တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင်    မင်္ဂလာဒုံ တပ်နယ်တို့မှ  အရာရှိ၊  စစ်သည်၊ မိသားစုဝင်များအား    တပ်နယ် ခန်းမတွင်တွေ့ဆုံ၍    အမှာစကား ပြောကြားသည်။ 

 


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က  အမှာစကားပြောကြား ရာတွင်  တပ်မတော် (လေ) အနေ ဖြင့်    နိုင်ငံတော်၏ခရီးသွားလာ မှု   အစိတ်အပိုင်းတစ်ခုဖြစ်သည့်  လေကြောင်းပို့ဆောင်ရေးလုပ်ငန်း ကို      အရေးပေါ်ကာလအတွင်း ရပ်တန့်မှုမရှိအောင် အကောင်းဆုံး အားဖြည့်ကြိုးပမ်း   လုပ်ဆောင်ခဲ့ မှုအတွက်  အသိအမှတ်ပြုမှတ်တမ်း တင်မှုအခြေအနေများ၊ ကောင်းမွန် သော         မှတ်တမ်းများအား  နောင်လာ    နောက်သားများအတွက် လက်ဆင့်ကမ်းအမွေအဖြစ်   ထား ပေးရန်   လိုသောအခြေအနေများ၊ နိုင်ငံ၏ဖြစ်ပေါ်နေသော    ပကတိ အခြေအနေမှန်ကို မျက်ကွယ်ပြု၍ တပ်မတော်၏        အမျိုးသားရေး တာဝန်အရ         လုပ်ဆောင်မှုများ အပေါ်နှင့် Institution အရ  ခိုင်မာ သည့်   တပ်မတော်အပေါ်   သွေးခွဲ ရန်  ကြိုးပမ်းနေသည့်  အခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင်     အားလုံးသိရှိပြီးဖြစ်သည့် မဲမသမာမှုဖြစ်စဉ်     ဖြစ်ပေါ်ခဲ့၍ တာဝန်ရှိသူများကို  ဖြေရှင်းပေးရန် တပ်မတော်သာမက     နိုင်ငံရေး ပါတီများ၏   တောင်းဆိုမှုများကို လျစ်လျူရှု၍  နိုင်ငံတော်အာဏာ ကို     အဓမ္မနည်းဖြင့်    ရယူရန် ကြိုးစားလာသဖြင့်    တပ်မတော် သည်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ         နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရသည့်  အခြေအနေ များ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ     ကျင်းပနိုင်ရေး အတွက်          အခြေခံကျသော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း များ         စနစ်တကျမှန်ကန်ရန် ဆောင်ရွက်လျက်ရှိသည့်    အခြေ အနေများ၊         မတရားရယူရန် ကြံစည်ထားသည့်     အာဏာကို  လက်လွှတ်ခဲ့ရမှုနှင့်  ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် NUG ၊ CRPH ၊ PDF     အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းပြီး    အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်လာသည့်  အခြေ အနေများ၊   အပြစ်မဲ့ပြည်သူများ၊ သီလရှင်နှင့်     သံဃာတော်များ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း များ၊    အရပ်သူ၊   အရပ်သားများ အပေါ်    ဒလန်စွပ်စွဲ၍    လူမဆန် ရက်စက်စွာ    သတ်ဖြတ်နေသော NUG ၊ CRPH နှင့်  PDF အမည်ခံ အကြမ်းဖက်သူများအား  ပြည်သူ့ အသက်အိုးအိမ်       စည်းစိမ်ကို  ကာကွယ်စောင့်ရှောက်ရန် တာဝန် ရှိသော          တပ်မတော်အနေဖြင့်  ဥပဒေနှင့်အညီ    ဆောင်ရွက်နေ သည့် အခြေအနေများ၊    ပကတိ အမှန်တရားကို  မှန်ကန်စွာ ဆင်ခြင် သုံးသပ်မှုမပြုဘဲ   တပ်မတော်၏ နိုင်ငံတော်တာဝန် ခေတ္တ ထိန်းသိမ်း မှုအပေါ်   မလိုလားသော   ပြည်ပ နိုင်ငံကြီးအချို့အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး           ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား          ထိခိုက် ပျက်ပြားစေရန်     ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်နေသည့်  အခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေး             ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်  ဦးတည် ချက် ၉ ရပ်အပေါ်       အကောင် အထည်ဖော်       ဆောင်ရွက်နေမှု အခြေအနေများ၊         အမျိုးသား ရည်မှန်းချက် ၂ ရပ်အဖြစ်  တိုင်းပြည် သာယာဝပြောရေး၊   စားရေရိက္ခာ ဖူလုံရေးနှင့်  နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ်    စစ်မှန်စည်းကမ်း ပြည့်ဝသော    ပါတီစုံဒီမိုကရေစီ စနစ် ခိုင်မာစေရေး၊  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသော ပြည်ထောင်စု   တည်ဆောက်ရေး တို့ကို    ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ရခြင်း အကြောင်း ရင်းနှင့်   ဆောင်ရွက်နေမှု  အခြေ အနေများ၊ နိုင်ငံတော်၏  လက်ရှိ နိုင်ငံရေး၊   စီးပွားရေး၊   ကာကွယ် ရေး၊    လူမှုရေး၊     နိုင်ငံတကာ ဆက်ဆံရေး    ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊    နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်   နိုင်ငံစီးပွား ကို မြှင့်တင်နိုင်ရန်  နိုင်ငံစီးပွားရေး ၏   အခြေခံဖြစ်သော   စိုက်ပျိုး မွေးမြူရေးနှင့်    MSME    ကဏ္ဍ များကို          အားပေးမြှင့်တင်ခြင်း များ  ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊          ထာဝရ ငြိမ်းချမ်းရေးအတွက်    ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  တာဝန်ယူချိန်မှစပြီး          စားရေ ရိက္ခာ          ပြည့်ဝဖူလုံရေးအတွက် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးကို  မူဝါဒများချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သဖြင့် တပ်တွင်း  စားဝတ် နေရေးကို       အဆင်ပြေစေပြီး ဖူလုံပိုလျှံသော  ထွက်ကုန်များကို ဒေသခံပြည်သူများသို့    သက်သာ သော နှုန်းထားများဖြင့် ရောင်းချ နိုင်ခဲ့သည့်       အခြေအနေများ၊  စစ်သည်/ မိသားစုဝင်များအတွက် စားရေး၊    နေရေး၊   ပညာရေး၊ ကျန်းမာရေး၊    ပို့ဆောင်ရေးများ တွင်        သက်သာချောင်ချိရေး အတွက်     ဆောင်ရွက်ပေးနေမှု အခြေအနေများ၊   တပ်မတော်သား တို့သည်  ၂၄ နာရီ ပေးအပ်လာသော အမိန့်နှင့် တာဝန်များကို  ကျေပွန် အောင်    ထမ်းဆောင်နေရသည် ဖြစ်၍   ကိုယ်စိတ်ကျန်းမာကြံ့ခိုင် နေရေးအတွက်     ကျန်းမာသော နေထိုင် စားသောက်မှုပုံစံ မှန်ကန် စွာ   နေထိုင်ရေးအတွက်  ကိုယ်စီ ဂရုစိုက်နေထိုင်သွားကြရန် လိုအပ် သည့်အခြေအနေများ၊     တပ် တည်ဆောက်ရေး   လုပ်ငန်းကြီး ၄ ရပ်နှင့်  တပ်နေပျော်ရေးတို့ကို အဆက်မပြတ်    အကောင်အထည် ဖော်        ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို   အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအနေဖြင့် အသိမှန် မှ အလုပ်မှန်မည်ဖြစ်၍   အသိမှန် စေရေး       အသေးစိတ်   ရှင်းလင်း မှာကြားခဲ့ပြီး    တက်ရောက်လာ ကြသည့်     အရာရှိ၊     စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြ ချက်များအပေါ်    တာဝန်ရှိသူများ နှင့်     ပေါင်းစပ်ညှိနှိုင်း    ဖြေရှင်း ဆောင်ရွက်ပေးသည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက်         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ          ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ် ရေးဦးစီးချုပ်    (ကြည်း)  သည် အရာရှိ၊    စစ်သည်၊   မိသားစုများ အတွက်      စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ရာ     တာဝန် ရှိသူတို့က လက်ခံရယူကြသည်။

 


တွေ့ဆုံပွဲများ        အပြီးတွင်  နိုင်ငံတော်             စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယ တပ်မတော်ကာကွယ်ရေး  ဦးစီး ချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း)   နှင့်   အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်          မိသားစုများအား ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်