
နေပြည်တော် ဇူလိုင် ၁၈
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက် ဆီဂျင်လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များ တပ်ဆင်ထုတ်လုပ် ကာ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ် ကုသရေးစင်တာများသို့ ပို့ဆောင် ဖြန့်ဝေ လှူဒါန်းလျက်ရှိသည်။
ထိုသို့ ထုတ်လုပ်ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ တပ်မတော် (ရေ)မှ ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)ပေါ်၌ တပ်ဆင် ထားရှိသော Oxygen Plant (Oxymet)မှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ နှင့် လူမှုရေးအဖွဲ့အစည်းများသို့ ပို့ဆောင်ဖြန့်ဝေလှူဒါန်းပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်မှ ယနေ့အထိ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၂၆ လုံးနှင့် ၁၅ လီတာဆံ့ အောက်ဆီဂျင်အိုး လေးလုံးတို့ကို ဖြန့်ဝေလှူဒါန်းပေးနိုင်ခဲ့သည်။
ယင်းသို့ ဖြန့်ဝေလှူဒါန်းရာ တွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးငါးလုံး၊ သန်လျင် မြို့နယ်ပြည်သူ့ဆေးရုံသို့ အောက် ဆီဂျင်အိုး ငါးလုံး၊ ကွမ်းခြံကုန်း ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး ရှစ်လုံး၊ ဆိပ်ကြီးခနောင်တို ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး ၁၀ လုံး၊ ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး ငါးလုံး၊ တွံတေးမြို့နယ်ပြည်သူ့ ဆေးရုံနှင့် စိတ္တသုခလူမှုကူညီရေး အသင်းသို့ အောက်ဆီဂျင်အိုးအလုံး ၄၀၊ (MAB) မြန်မာ့ရှေ့ဆောင် လူမှု ကူညီရေးအသင်းသို့ အောက်ဆီ ဂျင် အိုး ၂၂ လုံးနှင့် အခြားလူမှုရေး အဖွဲ့အစည်းများသို့ အောက်ဆီဂျင် အိုး ၃၅ လုံး စုစုပေါင်း အောက်ဆီ ဂျင်အိုးအလုံး ၁၃၀ တို့ကို ပို့ဆောင် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်