
နေပြည်တော် မေ ၂၅
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင် သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့ တွင် ကော့သောင်းမြို့နယ် ဂျလန်းကျေးရွာရှိ ကရဝိက်ဘုရား၌ အခြေပြု ၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၇ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၁ ဦး၊ ခွဲစိတ်ရောဂါ ၁၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၇ ဦး၊ ကလေးရောဂါ ၂၂ ဦး၊ အရိုးရောဂါ ၁၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၃ ဦး၊ မျက်စိရောဂါ ၁၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၇ ဦး စုစုပေါင်း ၁၄၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ လေးဦး ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ခြောက်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ရှစ်ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၄ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၎င်းအပြင် သားအိမ်အတွင်း ၁၂ ပေါင်ခန့်ရှိ အသားကျိတ်တည် နေသော လူနာတစ်ဦးကို ခွဲစိတ်ကုသသည့် အကြီးစားခွဲစိတ်မှုကို ဆေးရုံ ရေယာဉ်ပေါ်ရှိ ခွဲစိတ်ခန်း၌ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့သည့်အပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ တစ်ဦးကို လည်း ဆေးရုံရေယာဉ်ပေါ်၌ ဆေးရုံတင်ကုသပေးနိုင်ခဲ့သည်။ အဆိုပါ အကြီးစားခွဲစိတ်မှုခံယူခဲ့သည့် လူနာကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် လက်ဆောင် ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်ခဲ့ပြီး အားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်