နေပြည်တော် မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေ သည့် နယ်လှည့်အထူးကုဆေး အဖွဲ့များပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ် မသေကျေးရွာ အုပ်စုရှိ ဝါးကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အခြေ ပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၉၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၆ ဦး၊ ခွဲစိတ်ရောဂါ ၉၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၈၇ ဦး၊ ကလေး ရောဂါ ၇၈ ဦး၊ အရိုးရောဂါ ၉၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆၉ ဦး၊ မျက်စိရောဂါ ၇၁ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၆၂ ဦး စုစုပေါင်း ၇၉၈ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ် ကုသရန်လိုအပ်သူ အထွေထွေ ခွဲစိတ်လူနာ ၃၈ ဦး၊ မျက်စိခွဲစိတ် လူနာ ၂၁ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက် လူနာ ၄၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၉၄ ဦးနှင့် ကွန်ပျူတာဓာတ်မှန် ရိုက်လူနာ သုံးဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်း များ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၎င်းအပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံ ပြည်သူ ရှစ်ဦးကိုလည်း ဆေးရုံ ရေယာဉ်ပေါ်၌ ဆေးရုံတင်ကုသ ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



