
နေပြည်တော် နိုဝင်ဘာ ၁၀
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါ လာသည့် တပ်မတော်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာ ဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ငရုတ်ကောင်းမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့် အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၇၂ ဦး၊ ခွဲစိတ်ရောဂါ ၇၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေး ရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၁၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ ၇၀၊ မျက်စိရောဂါ ၂၄၉ ဦး နှင့် သွားနှင့်ခံတွင်းရောဂါ ၉၃ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၅၃ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၄၆ ဦး စုစုပေါင်း ၁၁၈၆ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ကိုးဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။
အလားတူ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန် များ၊ သူနာပြုများ ပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့ သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့ရှိ မြို့နယ် ပြည်သူ့ဆေးရုံ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်း ကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကု ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၃၉ ဦး၊ ခွဲစိတ်ရောဂါ ၆၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၆ ဦး၊ ကလေး ရောဂါ ၇၇ ဦး၊ အရိုးရောဂါ ၁၆၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၆ ဦး၊ မျက်စိရောဂါ ၁၃၃ ဦးနှင့် သွားရောဂါ ၁၅ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ရှစ်ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၃၀၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာကိုးဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၁၄ ဦး စုစုပေါင်း ၆၇၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင် ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူတစ်ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူ များ၏ စကားသံများကို ယခုလို ကြားသိခဲ့ရသည်-
ဒေါ်အေးအေး၊ ကျွေချိုင်ကျေးရွာ၊ ငရုတ်ကောင်းမြို့
တပ်မတော်နယ်လှည့် ဆေး ကုရေးအဖွဲ့က ဆေးလာကုမယ်လို့ ပြောတော့ ကျွန်မတို့က လှိုက်လှိုက် လှဲလှဲနဲ့ လာပြီးတော့ ဆေးကုသ ခံတာပါ။ မျက်စိကို သွားပြီး ပြတော့ ခွဲရမယ်လို့၊ ခြောက်သိန်း ခုနစ်သိန်းကျမယ်လို့ ပြောလို့ ကျွန်မမှာ ပိုက်ဆံကမရှိဘူး။ လယ်လုပ်မှ စားရတယ်ဆိုတော့ ကျွန်မမှာ အဆင်မပြေဘူး။ အဆင် မပြေတဲ့အတွက်ကြောင့် မခွဲဘဲ နေတော့ မျက်စိက ကိုက်တယ်။ မျက်ရည်တွေကျတယ်။ ယား တယ်။ ခေါင်းတွေပူတယ်။ ဒီလို ဆေးကုသတွေလာတော့ အလွန့် အလွန် ဝမ်းသာကြည်နူးမိပါ တယ်။ ကျွန်မ ဒီကိုလာပြတာပါ။ ဆေးကုသရေးအဖွဲ့က ပြုံးပြုံး ရွှင်ရွှင်နဲ့ကြိုဆိုကြတယ်။ ပိုက်ဆံ မရှိတော့လည်း အဖေအမေလို အားကိုးမိတာပေါ့။ ဒီအဖွဲ့က ကောင်းပါတယ်။ အခမဲ့လည်း ဖြစ်သလို မိသားစုစိတ်ဓာတ်လည်း ရှိကြပါတယ်။ ကိုယ့်ဘက်က လည်း ဘာမှပြန်ပြီးမပေးနိုင်ဘူး။ ဘယ်လို လက်ဆောင်ပေးလိုက် ရမလဲမသိဘူး။ ကျွန်မကပေးချင် ပေမယ့် လယ်လုပ်နေရတော့ စားရေးသောက်ရေးတောင် အဆင် မပြေဘူး။ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က စေတနာ မေတ္တာတွေနဲ့ ဒီလိုလာရောက် ဆေးကုသပေးတဲ့အတွက် အလွန့် အလွန် ဝမ်းမြောက်ကြည်နူးမိပါ တယ်။ နောက်နှစ် နောက်နှစ်တွေ လည်း လာစေချင်တယ်။ ကုသပေး စေချင်တယ်။ အခုလိုစီစဉ်ပေးတဲ့ တပ်မတော်အကြီးအကဲနဲ့တာဝန် ရှိသူတွေကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။
ဦးခင်ဇော်၊ တလုတ်ကုန်းကျေးရွာ၊ မြန်အောင်မြို့
ကျွန်တော် ခါးမကောင်းလို့ပါ။ ခါးက တော်တော်နာနေတာ တော်တော်ကြာပြီ။ အခုလို နယ်လှည့်ဆရာဝန်ကြီးတွေ ဒီကို ရောက်လာတော့ လာပြီးပြသခြင်း ဖြစ်ပါတယ်။ ပြသတဲ့လူတော်တော် များလည်းတွေ့ရပါတယ်။ ဝေဒနာ သည်တွေက အေးအေးချမ်းချမ်းနဲ့ ပြသတာလည်း တွေ့ရပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ အခု လို တပ်မတော်က နယ်လှည့် ဆေးကုသရေးအဖွဲ့က လာရောက် ဆေးကုသပေးတာကတော့ အခမဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမြို့နယ်ကို ဆေးကုသပေးတဲ့ ဆရာဝန်တွေအားလုံးကို အလွန့် အလွန်လည်း ကျေးဇူးတင်ပါ တယ်။ လာရောက်ပြသကြတဲ့ သူတွေအားလုံးလည်း အားလုံး စိတ်ချမ်းသာကြပါတယ်။ ဌာန ဆိုင်ရာဝန်ထမ်းအားလုံးကလည်း ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ပေး ပါတယ်။ မသိတဲ့နေရာကိုလည်း သိအောင် လိုက်ပြပေးပါတယ်။ ဘယ်လိုပြောရမှန်းတောင် မသိ အောင်ဖြစ်နေပါတယ်။ ဝမ်းသာ လွန်းအားကြီးလို့။
သတင်းစဉ်