
နေပြည်တော် မေ ၄
တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေ သည့် နယ်လှည့်အထူးကုဆေး အဖွဲ့များပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ယနေ့တွင် ကိုကိုးကျွန်းရှိ ပြည်သူ့ဆေးရုံ ၌ ဒေသခံပြည်သူ ၃၉၅ ဦး ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက် ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၅ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၅ ဦး၊ ကလေး ရောဂါ ၄၀၊ အရိုးရောဂါ ၆၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိရောဂါ ၉၀ နှင့် သွားနှင့် ခံတွင်းရောဂါ ၃၅ ဦး စုစုပေါင်း ၃၉၅ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၀ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ် တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ် လူနာ ၃၀ နှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၀ တို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေး ခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့ပြီး ဆေးရုံတက်ရောက် ကုသ ရန် လိုအပ်သည့် ဒေသခံပြည်သူ ခြောက်ဦးကို ဆေးရုံရေယာဉ်ပေါ် တွင် ဆေးရုံတင် ကုသပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်