တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်   မတ်   ၂၂


ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်      အတွက် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊       ဆေးမှူးများနှင့် သူနာပြုများ      လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည်    ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး       ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများက    သောင်းသောင်း ဖြဖြ ကြိုဆိုကြသည်။

 


အဆိုပါ နယ်လှည့်ဆေးကုသ ရေးအဖွဲ့သည်  ကိုကိုးကျွန်းမြို့နယ် ရှိ   နယ်မြေခံ   ရေတပ်အခြေစိုက် စခန်း ခန်းမ၌အခြေပြု၍  ကိုကိုး ကျွန်းမြို့နယ်အတွင်းရှိ     ဒေသခံ ပြည်သူ ၄၉၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက် လက် ဆောင်ရွက်ပေးကြသည်။

 


ထိုသို့       ဆောင်ရွက်ပေးရာ ယနေ့တွင်    ဆေးကုသမှုဆိုင်ရာ ရောဂါ  ၁၃၇  ဦး၊   ခွဲစိတ်ရောဂါ ၄၅ ဦး၊  သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၁၈ ဦး၊ အရိုး ရောဂါ  ၇၄ ဦး၊   နား/   နှာခေါင်း/ လည်ချောင်းရောဂါ  ၄၆ ဦး၊ မျက်စိ ရောဂါ  ၁၁၀  နှင့် သွားနှင့်ခံတွင်း ရောဂါ ၄၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေ ခွဲစိတ်လူနာ လေးဦး၊ ဓာတ်မှန်ရိုက် လူနာ ခြောက်ဦး၊ အာထရာဆောင်း ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၉ ဦး၊ ECG ဖြင့်  နှလုံးစမ်းသပ်လူနာ ၅၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ကိုးဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ   ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသ ရန်လိုအပ်သူ ငါးဦးတို့ကို  နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး    စီစဉ်ဆောင်ရွက် ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို    နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးပြီး  လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ကျန်းမာရေးဆောင်ရွက်ပေး မှုအပေါ် နယ်မြေခံတာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-


အားနည်းချက်က ဘာဖြစ်နေ လဲဆိုတော့    ကျန်းမာရေးပေါ့။ ကျန်းမာရေးကလည်း   ဒေသမှာ တော့ ကျန်းမာရေးစကားနဲ့ပြော ရင်     တိုက်နယ်ဆေးရုံလို့ပြောလို့ ရတဲ့ ဆေးရုံလေးရှိတယ်။ ဆရာဝန် လည်းရှိတယ်။   သွားဆရာဝန် ရှိတယ်။        သူနာပြုတွေလည်း အပြည့်အစုံရှိတယ်။ ဒေသဖြစ်တဲ့ ရောဂါလောက်ပဲ၊    အခုသံလွင် သင်္ဘောက      သမားတော်တွေ  ပါတယ်။ အခုဒီတစ်ခေါက်ဆိုရင် ပိုပြီးအားရကျေနပ်စရာကောင်း တာက   ကျန်းမာရေးဌာနနဲ့ပါ ပေါင်းစပ်ပြီး   ပါလာတဲ့အတွက် ပိုပြီးပီတိဖြစ်ရတယ်။  ဒီမတိုင်ခင် ရခိုင်ပြည်နယ်မှာ သံလွင်သင်္ဘော ကြီးတွေ့တယ်။      ကျွန်တော်တို့ စိတ်ထဲက တောင့်တလိုက်တယ်။ အဲဒီသင်္ဘောကြီး   တို့ဆီလာရင် ကောင်းမှာပဲလို့      ကျွန်တော် ဆန္ဒပြုလိုက်တယ်။     ကျွန်တော် ကိုယ်တိုင်ကလည်း မျက်စိနှစ်လုံး လုံး ခွဲထားရတယ်။ မျက်စိခွဲတဲ့ အခါ သင်္ဘောကြီးအပေါ်မှာ ခွဲစိတ် ကုသပေးတယ်။ စားရေးသောက် ရေးကအစ   ပြည့်ပြည့်စုံစုံဧည့်ခံ တယ်။ အင်မတန်လည်း ဝမ်းသာ တယ်။ ကျေးဇူးလည်းတင်တယ်။ အချုပ်အနေနဲ့     ပြောချင်တာက ဒီကိစ္စအဝဝကို   စီမံဆောင်ရွက် ပေးတဲ့     နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့   အခြား အာဏာပိုင်ပုဂ္ဂိုလ်များ   အားလုံး၊ ကျန်းမာရေး လာရောက်စောင့် ရှောက်ပေးတဲ့     သံလွင်ဆေးရုံ သင်္ဘောကြီးမှာပါတဲ့    အရာရှိ၊ အရာခံ၊  တပ်မတော်သားဝန်ထမ်း အားလုံး၊ အရပ်ဘက်က ကျန်းမာ ရေးဝန်ထမ်းအားလုံးကို   အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။
အခုလို သံလွင်သင်္ဘောကြီး တစ်နှစ်တစ်ခါ   လာရောက်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးလို့ အထူးကျေးဇူးတင်ပါတယ်။ ကျွန်မ တို့   ကိုကိုးကျွန်းမှာ   ဆရာဝန်၊ ဆရာမလည်းနည်းတယ်။ ဆရာဝန် ဆိုလည်း တစ်ယောက်ပဲရှိတယ်။ ဆရာမဆိုလည်း    နည်းတယ်။ အခုလို သံလွင်သင်္ဘောကြီးပေါ်မှာ ပါရဂူတွေ၊   ဆရာဝန်တွေ   အစုံ ပါလာတဲ့အတွက် ရောဂါပေါင်းစုံ လည်း ကုလို့ရတယ်။ ဖြစ်တဲ့ရောဂါ တွေ အကုန်လုံးကုလို့ရတဲ့အတွက် အလွန်လည်း ကျေးဇူးတင်တယ်။ ကျွန်မတို့    ကိုကိုးကျွန်းကြီးဟာ  သွားလာရလည်းခက်ခဲတယ်။ အခု ဖြစ်လို့ အခုသွားလို့လည်း မရဘူး။ အဲဒီအတွက်  အခုလို  လာရောက် ကုသပေးတဲ့အတွက်    အလွန်ကို ကျေးဇူးတင်ပါတယ်။  တချို့ကျ တော့လည်း ရန်ကုန်ကိုသွားကုသ ဖို့ ပိုက်ဆံမရှိကြဘူး။ အဲဒီလူတွေ အတွက် အလွန်အဆင်ပြေတယ်။ အခမဲ့ကုသပေးတဲ့အတွက် ပိုက်ဆံ မရှိတဲ့သူတွေအတွက်လည်း အလွန် အဆင်ပြေတယ်။ လမ်းပန်းဆက် သွယ်ရေးခက်ခဲလို့ မသွားလာနိုင် သူတွေအတွက်လည်း    အလွန် အဆင်ပြေတယ်။    မျက်စိဆိုရင် လည်း ခွဲစိတ်ကုသပေးလို့ ပျောက် တာတွေလည်း   အများကြီးရှိလို့ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ အမြဲတမ်းလာစေ ချင်တယ်။    တစ်နှစ်တစ်ခေါက် မဟုတ်ဘူး၊   ဖြစ်နိုင်ရင်   တစ်နှစ် နှစ်ခေါက်လောက်  လာစေချင်ပါ တယ်။ ကျွန်မဆိုရင်  နှလုံးရောဂါ ရှိတယ်။ အခုလိုစီစဉ်ဆောင်ရွက် ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးကိုလည်း အလွန်    ကျေးဇူးတင်ပါတယ်။ ဆေးလာရောက်      ကုသပေးတဲ့ သံလွင်သင်္ဘောကြီးပေါ်မှာ ပါလာ တဲ့   ပါရဂူတွေ၊   ဆရာဝန်တွေ၊ ဆရာမတွေအားလုံးကို ကျေးဇူး တင်ပါတယ်။

           

သတင်းစဉ်