တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   မတ်  ၁၆


ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်          တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်  (သံလွင်) ဖြင့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင်   မြေပုံမြို့နှင့်   ပတ်ဝန်းကျင် ကျေးရွာများမှ       ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၃ ဦးအား ဆေးရုံ ရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ   ဆက်လက်ဆောင်ရွက် ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက     လိုက်လံကြည့်ရှု အားပေး၍ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများအား မြေပုံမြို့ ဆိပ်ခံတံတားသို့   ပြန်လည်ပို့ဆောင်ပေး သည်။

 


ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့ သည် မြေပုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ    ဒေသခံပြည်သူ   ၁၄၆၉ ဦးအား  မြေပုံမြို့ ပညာ့ဗိမာန်ရိပ်သာ ပရိယတ္တိ စာသင်တိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ   ဆက်လက် ဆောင်ရွက်ပေးကြသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာ ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၀၁ ဦး၊ ခွဲစိတ် ရောဂါ ၅၅  ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၃ ဦး၊ ကလေးရောဂါ ၈၄ ဦး၊ အရိုးရောဂါ ၂၉၄ ဦး၊ နား/   နှာခေါင်း/    လည်ချောင်း ရောဂါ  ၇၅ ဦး၊ မျက်စိရောဂါ ၂၄၄ ဦးနှင့် သွားနှင့်  ခံတွင်းရောဂါ    ၁၆၃   ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ် လူနာ   ခြောက်ဦး၊    မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ ဓာတ်မှန်ရိုက်လူနာ သုံးဦး၊ အာထရာဆောင်းဖြင့်   စမ်းသပ်စစ်ဆေး လူနာ ၁၂၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ် လူနာ ၁၀၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသ ပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သူ လေးဦး ကို   နီးစပ်ရာ   တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

 


ထိုသို့    ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက     လိုက်လံကြည့်ရှု အားပေးပြီး   လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-
ကျွန်တော်တို့က မြေပုံမြို့က အထက ကျောင်းသူ၊    ကျောင်းသားဟောင်းများ ဆိုပြီး ဒီမှာ လာရောက်ကူညီပေးတာပါ။ ကျွန်တော်တို့အဖွဲ့တွေရယ်၊ နောက် ရပ်မိ ရပ်ဖအဖွဲ့တွေရယ်၊    ဌာနဆိုင်ရာလူကြီး တွေရယ်    အကုန်လုံးက   ဝိုင်းပြီးတော့ ကျွန်တော်တို့    လိုအပ်တာလေးတွေကို ဖွဲ့စည်းဆောင်ရွက်ပေးနေတာပါ။ ဒီလိုမျိုး လာရောက်ကုသပေးတဲ့အတွက် ကျွန်တော် တို့က အများကြီး   ဝမ်းသာပီတိဖြစ်မိ ပါတယ်။ အကုန်လုံးလည်း ဝမ်းသာကြပါ တယ်။ ဒီလိုမျိုး နောက်နှစ်တွေမှာလည်း လာရောက်   ကုသပေးစေချင်ပါတယ်။ ဘာပဲပြောပြော ဒီအချိန်မှာ ဆင်းရဲနေတာ လည်းရှိတယ်၊ စာဝတ်နေရေး မပြေလည် တာလည်းရှိတယ်။ ဒီမှာအခမဲ့လာရောက် ကုသပေးနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် တော်တော်ဝမ်းသာပါတယ်။     ဒီမှာက အထွေထွေရောဂါ ပုံစံအမျိုးမျိုးဖြစ်ကြ တယ်လေ။ ဥပမာ ဆေးရုံမှာအခကြေးငွေနဲ့   ပြတဲ့သူတွေက အဆင်မပြေကြတော့ဘူး လေ။    ဒီလိုအခမဲ့လာရောက်ကုသပေး တော့ အကုန်လုံးကဝမ်းသာကြတာပေါ့။ ကျွန်တော်တို့လည်း Volunteer အနေနဲ့ ဝမ်းသာတယ်။ ဆေးကုသဖို့ခံယူတဲ့သူတွေ လည်း      အကုန်လုံးဝမ်းသာကြတယ်။ ကိုယ့်အနေနဲ့လည်း ဝမ်းသာသလို ဒီမြို့ မှာ၊     ဒီနယ်မှာရှိနေတဲ့လူတွေကလည်း ပိုပြီးဝမ်းသာကြပါတယ်။ နောက်နှစ်တွေ မှာလည်း ဒီလိုမျိုး လာရောက်ကုသပေးစေ ချင်ပါတယ်။   ကျေးဇူးလည်းအထူးတင် ပါတယ်လို့၊   ကျွန်တော်တို့က   ဒီမှာ လာရောက်ကုသကြတဲ့ ပါရဂူအဖွဲ့တွေနဲ့ တပ်မတော်သားတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ 

 


ဒီဆေးကုသခွင့်မှာဆိုရင် ကျွန်မတို့က Pressure တွေတိုင်ပေးတယ်။ လိုအပ်တဲ့ နေရာတွေမှာ ဝင်ပြီးကူညီပေးတယ်။ ဒီမှာ တော့   ရှိတာပေါ့   စက်ရုံတော့ရှိတယ်။ ဒါပေမယ့် ပြည့်ပြည့်စုံစုံတော့ မရှိဘူးပေါ့။ Dental တွေ၊ Eyes တွေပေါ့၊  အဲဒါတွေဆိုရင် တကယ်လိုအပ်ပါတယ်။     မြို့အနေနဲ့ ကောင်းတယ်လို့မြင်တာပေါ့။ ဒီလိုလာပေး တာတော့    ကောင်းပါတယ်။       တစ်နှစ် တစ်ကြိမ်လောက်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။        တချို့ကလည်း ငွေကြေးအခက်အခဲတွေကြောင့်    အခ ကြေးငွေပေးရတဲ့ ဆေးရုံတွေကို မသွားနိုင် ကြဘူးလေ။ Dental တွေဆိုပိုဆိုးပါတယ်။ သွားပိုးစားတဲ့  ကလေးတွေဆိုရင် ဒီမှာ နုတ်ရတာက   အကုန်အဆင်ပြေကြပါ တယ်။ မိဘတွေအနေနဲ့လည်း  ငွေကြေး ကုန်ကျမှုတွေ သက်သာတာပေါ့။ Surgeon  တွေရော Dentist တွေရော   အစုံပါပဲ။ ကျေးဇူးတင်ပါတယ်။ 


သတင်းစဉ်