တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ   ၁၅
တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်  ချောင်းဝကျေးရွာ ရှိ  ဆိုင်ကလုန်းရှပ်တာ (Sineka-lone Shutter)တွင် အခြေပြု၍ ဒေသခံပြည်သူ   ၁၁၁၈    ဦးကို ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ   ၃၆၈ ဦး၊ ခွဲစိတ်ရောဂါ ၆၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ   ၄၁  ဦး၊  ကလေး ရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၁၈၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ ၄၇ ဦး၊ မျက်စိရောဂါ ၃၁၁ ဦးနှင့်  သွားနှင့် ခံတွင်းရောဂါ ၇၂ ဦး   စုစုပေါင်း   ၁၁၁၈  ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။  ထို့အပြင် ခွဲစိတ်ကုသရန်            လိုအပ်သူ အထွေထွေခွဲစိတ်လူနာ   လေးဦး တို့ကို  ခွဲစိတ်ကုသမှုများ  ဆောင် ရွက်ပေးပြီး   ဓာတ်မှန်ရိုက်လူနာ ၁၀  ဦး၊  အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ   ၄၄  ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၇ ဦးနှင့်  ဓာတ်ခွဲစမ်းသပ်လူနာ  ၆၈ ဦးတို့ကို   ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ   ဆောင်ရွက် ပေးနိုင်ခဲ့ပြီး   ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများ ကို   နီးစပ်ရာတပ်မတော်ဆေးရုံ နှင့်      ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို    နယ်မြေခံရေတပ်စခန်း ဌာနချုပ်မှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှု      အားပေး ကာ    လိုအပ်သည်များ    ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း     ဆောင်ရွက် ပေးခဲ့ကြောင်း       သတင်းရရှိ သည်။
သတင်းစဉ်