
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင်လည်းကောင်း၊
တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့သည် ညောင်တုန်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့်
ပတ်ဝန်းကျင်ကျေးရွာများတွင်လည်းကောင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသ ကြီး ဟိုင်းကြီးကျွန်းနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ ဒေသခံပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များ လိုက်ပါ လာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၂၅၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၅ ဦး၊ ခွဲစိတ်ရောဂါ ၃၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေး ရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၃၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၄၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ခြောက်ဦး၊ မျက်စိခွဲစိတ်လူနာ နှစ်ဦး၊ ဓာတ်မှန် ရိုက်လူနာ ခုနစ်ဦး၊ အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၁၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် တာဝန်ရှိသူများက ခွဲစိတ်ကုသမှုခံယူပြီးသော လူနာ များအား အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် လက်ဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ် (သံလွင်) ၌ ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်တွင် မွေးဖွားပေး ခဲ့သည့် သားငယ် သံလွင်မောင် အား ထောက်ပံ့ငွေနှင့်လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကိုကိုးကျွန်း မြို့နယ် မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား ကလေး အထူးကုပါရဂူက တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်ပြီး အသိပညာပေး ဟောပြောပေးပြီး တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
အလားတူ ဧရာဝတီတိုင်း ဒေသကြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်၊ ရပ်ကွက်များနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေ ယာဉ် (စကု) တို့သည် ယနေ့ တွင် အဖျောက်မြို့ လောကမာန်အောင် ဘုရားကြီး (မဟာသံတန်ဆောင်း တော်) ၌ အခြေပြု၍ အဖျောက် မြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်း ကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၆၂၆ ဦးအား ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆက်လက်ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာ ရောဂါ ၂၂၇ ဦး၊ ခွဲစိတ် ရောဂါ ၇၅ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၂၁ ဦး၊ အရိုးရောဂါ ၃၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၁၈၇ ဦးနှင့် သွားရောဂါ ၃၃ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ် ကုသရန်လိုအပ်သူ အထွေထွေ ခွဲစိတ်လူနာ သုံးဦး၊ တယ်လီဗေး ရှင်း ဓာတ်မှန်ရိုက်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ သုံးဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ နှစ်ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတာဝန်ရှိသူ များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
တပ်မတော် ပင်လယ်သွား ဆေးရုံ ရေယာဉ် (သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေ ယာဉ် (စကု) တို့မှ ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံ ပြည်သူများ၏ စကားသံများကို ယခုလိုကြားသိခဲ့ရသည်-
ဦးအဂ္ဂဝံသ
သာသနာ့မဏ္ဍိုင်ကျောင်း
(ကိုကိုးကျွန်း)
ဘုန်းဘုန်းက နယ်လှည့်ဆေး ကုသရေးအဖွဲ့လာလို့ ဒီကိုလာ ပြီးတော့ ကျောက်ကပ်တို့၊ ဆီးချို တို့ လာရောက်စစ်ဆေးပြီး ဆေး ကုသမှု ခံယူတာပါ။ အခုလို ဆေး ကုသမှုခံယူတဲ့အခါမှာ စိတ်ချမ်း သာ ကိုယ်ချမ်းသာနဲ့ အားလုံး ဆေးကုသခွင့်ရတဲ့အတွက် အားလုံး ကို ကျေးဇူးတင်ပါတယ်။ ပြည်သူ ပြည်သားတွေကလည်း ဝမ်းပန်း တသာနဲ့ ကြိုဆိုကြပါတယ်။ ဆေးကုသတဲ့ အခါမှာလည်း လိုအပ်တာမှန်သမျှ အားလုံး ပြည့်ပြည့်စုံစုံ ဆေးဝါးကအစ အကူ အညီပေးတဲ့အတွက် အထူးဝမ်းသာ ပီတိဖြစ်မိပါတယ်။ နယ်လှည့်ဆေး ကုသရေးအထူးအဖွဲ့က ကိုကိုး ကျွန်းမြို့ကို မကြာခဏလာရောက် ဆေးကုသ ပေးစေလိုပါတယ်။ နိုင်ငံတော် အကြီးအကဲနဲ့တကွ နယ်လှည့်ဆေးကုသ အဖွဲ့သား များအားလုံး ဒီနေ့မှစလို့ ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာပြီး စိတ္တ သုခ၊ ကာယသုခ သုခနှစ်ဖြာ ပြည့်စုံပြီး လိုအင်ဆန္ဒပြည့်ဝကာ ဘေးအပေါင်း၊ ရန်အပေါင်းမှ ကင်းဝေးပြီး မိမိတို့ လိုအင်ဆန္ဒ ပြည့်ဝစွာဖြင့် တိုင်းပြည်တာဝန် ကို ထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ဦးအရှိတ်
အမှတ်(၄)ရပ်ကွက်
အဖျောက်မြို့
ကျွန်တော့်မှာ ဘယ်ဘက် ကပ်ပယ်အိတ်မှာ အဆီအကျိတ် အဖုရှိတဲ့အတွက် လာရောက် ပြီးတော့ ပြသကုသမှု ခံယူတာပါ။ အခုနှစ်ပိုင်းမှာ လျင်မြန်စွာ နည်းနည်း ကြီးထွားလာတဲ့ အတွက် လန့်ပါတယ်၊ စိုးရိမ်ပါ တယ်။ ဒါပေမယ့် အပြင်မှာ ကျွန်တော် ခွဲစိတ်ကုသဖို့ လိုအပ် တယ်လို့ တိုက်တွန်းကြပေမယ့် ငွေရေးကြေးရေး အခက်အခဲလေး ရှိနေတဲ့အတွက် အခုလောက် ကြန့်ကြာသွားတာပါ။ နယ်လှည့် ဆေးကုသရေး သင်္ဘောကြီး လှည့်လည်ကုသနေတဲ့ အနေ အထားကို ကျွန်တော်တို့ တီဗွီ သတင်းတွေမှာ မကြာမကြာ တွေ့ရပါတယ်။ အင်မတန်လည်း မျှော်လင့် တောင့်တပါတယ်။ ပြည်သူပြည်သားတွေ အနေနဲ့ အင်မတန် မျှော်လင့်အားကိုးနေတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရဲ့ လမ်းညွှန်မှုကို ခံယူပြီး တော့ ပြည်သူတွေအပေါ်မှာ စိတ် စေတနာအပြည့်နဲ့ စွမ်းဆောင် နိုင်သမျှ ဆောင်ရွက်နေတယ်လို့ လည်း အစကတည်းကလည်း ယုံကြည်ပါတယ်။ အခုမျက်ဝါး ထင်ထင်လည်း တွေ့ရပါတယ်။ ဒိအတွက်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကြီး နှင့် တကွ တပ်မတော်မိသားစုအားလုံး ကို ကျွန်တော်တို့အနေနဲ့ လှိုက်လှဲ စွာ ကျေးဇူးတင်ရှိပါတယ်။ ဂါရဝ လည်းပြုပါတယ်လို့ ပြောလို ပါတယ်။
သတင်းစဉ်