တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်

 

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင်ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်ထွက်ခွာ
 

နေပြည်တော်  နိုဝင်ဘာ  ၃


တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူ များ၊    ဆေးမှူးများနှင့်   သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေးရန်အတွက်  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ်ဆိပ်ခံ တံတား (သီလဝါ)မှထွက်ခွာရာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်   ထိန်ဝင်း၊  တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက် ကြသည်။

 


အဆိုပါ        တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)တွင်   ပါရဂူများ၊   ဆေးမှူးများ၊ သူနာပြုအရာရှိများ၊    သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီး ကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊   ကျေးရွာများမှ  ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊   အရိုးရောဂါ၊  မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ     ရှာဖွေစမ်းသပ်ကုသခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း   သတင်းရရှိ သည်။                       

 သတင်းစဉ်