
နေပြည်တော် မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေ သည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ် (သံလွင်) မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ သည် မေ ၂၇ ရက်တွင် ကျွန်းစု မြို့နယ် ပြင်စဘုကျွန်းရှိ အခြေခံ ပညာ မူလတန်းကျောင်း (ခွဲ)၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၆၃ ဦး ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသည်။
ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၄ ဦး၊ ခွဲစိတ်ရောဂါ ခြောက်ဦး၊ သားဖွား/ မီးယပ်ရောဂါ ရှစ်ဦး၊ ကလေး ရောဂါ ရှစ်ဦး၊ အရိုးရောဂါ ကိုးဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ခြောက်ဦး၊ မျက်စိရောဂါ ကိုးဦးနှင့် သွားနှင့် ခံတွင်းရောဂါ သုံးဦး စုစုပေါင်း ၆၃ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။
စမ်းသပ်ကုသပေး
ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ခုနစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ငါးဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ လေးဦး နှင့် ဓာတ်ခွဲစမ်းသပ်လူနာ ခြောက်ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းအပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ် သော ဒေသခံပြည်သူ သုံးဦးကို လည်း ဆေးရုံရေယာဉ်ပေါ်၌ ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်