တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ  ၉


ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ  ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်      အတွက် တပ်မတော်  ပင်လယ်သွားဆေးရုံ  ရေယာဉ်(သံလွင်)     နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ  ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြု များ   ပါဝင်သော     နယ်လှည့် အထူးကုဆေးအဖွဲ့သည်  ယနေ့ တွင်    ဧရာဝတီတိုင်းဒေသကြီး  ငပုတောမြို့နယ်  ဟိုင်းကြီးကျွန်း မြို့ရှိ      နယ်မြေခံတပ်မတော် ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့်  ပတ်ဝန်းကျင်     ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင်  နယ်လှည့် အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၆၃ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ  ၁၅  ဦး၊  ကလေး ရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၂၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၁ ဦး၊ မျက်စိရောဂါ  ၄၀  နှင့် သွားနှင့်ခံတွင်းရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ   ခုနစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ      လေးဦး၊ အာထရာဆောင်းဖြင့်  စမ်းသပ် စစ်ဆေးလူနာ ခုနစ်ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ‌ ခြောက်ဦး နှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃ ဦး စုစုပေါင်း ၂၃၉ ဦးတို့ကို ရောဂါ  ရှာဖွေစမ်းသပ်    ခွဲစိတ်ကုသပေး ခြင်းများ      ဆောင်ရွက်ပေးပြီး ဆေးရုံ     တက်ရောက်ကုသရန် လိုအပ်သူ  တစ်ဦးကို  နီးစပ်ရာ တပ်မတော်ဆေးရုံသို့    တက် ရောက်   ကုသနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးသည်။ 


ထိုသို့    ကျန်းမာရေး   စောင့် ရှောက်ပေးနေမှုများကို နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ် မှူးနှင့်     တာဝန်ရှိသူများက လိုက်လံကြည့်ရှု      အားပေးကာ မျက်စိခွဲစိတ်လူနာများအား ဆေး မျက်မှန်များ    တပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ထို့ပြင်   တပ်မတော်ပင်လယ် သွားဆေးရုံ  ရေယာဉ် (သံလွင်)၌ ၂၀၁၆  ခုနှစ်  မတ်  ၂  ရက်တွင် မွေးဖွားပေးခဲ့သည့်      သမီးငယ် မေသံလွင်ကို တပ်မတော်ပင်လယ် သွား  ဆေးရုံရေယာဉ် (သံလွင်)မှ တာဝန်ရှိသူများက   ထောက်ပံ့ ငွေနှင့်    စားသောက်ဖွယ်ရာများ ပေးအပ်သည်။


အလားတူ         တပ်မတော် မြစ်တွင်းသွား     ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊   မြစ်ရေယာဉ်(စကု) တို့နှင့်အတူ     လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများနှင့် ကျန်းမာရေး  ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန် များ၊  သူနာပြုများ  ပါဝင်သော နယ်လှည့်   အထူးကုဆေးအဖွဲ့ သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး  မြန်အောင်မြို့  အမှတ် (၁)  ရပ်ကွက်ရှိ  ပြည်တော်အေး ဆိပ်ကမ်းသို့    ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သောင်းသောင်းဖြဖြ      ကြိုဆို နှုတ်ဆက်ကြသည်။       အဆိုပါ နယ်လှည့်    အထူးကုဆေးအဖွဲ့ သည်  မြန်အောင်မြို့ရှိ  မြို့နယ် ပြည်သူ့ဆေးရုံ၌      အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်း ကျင်   ကျေးရွာများမှ    ဒေသခံ ပြည်သူများအား     ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့် အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၃၁ ဦး၊ ခွဲစိတ်ရောဂါ ၉၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ  ၁၅  ဦး၊  ကလေး ရောဂါ ခြောက်ဦး၊ အရိုးရောဂါ ၁၉၇  ဦး၊  နား၊  နှာခေါင်း၊ လည်ချောင်းရောဂါ ၅၈ ဦး၊ မျက်စိ ရောဂါ  ၂၂၈  ဦးနှင့်  သွားရောဂါ ကိုးဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။  ထို့အပြင် အထွေထွေခွဲစိတ်လူနာ   သုံးဦး၊         တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ  ၂၂  ဦး၊  ECG  စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၁၄  ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ရှစ်ဦး စုစုပေါင်း ၈၃၉ ဦးတို့ကို ရောဂါ ရှာဖွေ    စမ်းသပ်ခွဲစိတ်ကုသပေး ခြင်းများ    ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်     ကုသရန် လိုအပ်သူ တစ်ဦးတို့ကို နီးစပ်ရာ  တပ်မတော်ဆေးရုံသို့    တက် ရောက်    ကုသနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးသည်။


၎င်းအပြင် မြန်အောင်မြို့နယ် မြို့မရေလယ်ကျွန်းနေ ဦးနေလင်း အောင်၏ ဇနီးဖြစ်သူ ဒေါ်ယမင်းသူ အား         သားဖွားမီးယပ်ပါရဂူ ဗိုလ်ကြီး အောင်အောင်က သားဦး ရတနာကို  ယနေ့နံနက်   ၁၁  နာရီ ၄၅    မိနစ်ခန့်တွင်    ခွဲစိတ်၍ မွေးဖွားပေးခဲ့ရာ ကလေးငယ်မှာ ကိုယ်အလေးချိန်  ၇  ပေါင်  ၇ အောင်စရှိ    သားငယ်လေးအား မွေးဖွားပေးနိုင်ခဲ့ပြီး    မိခင်နှင့် ကလေးမှာ      ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။ အဆိုပါ ကလေးငယ်အား    ကာကွယ်ရေး ဦးစီးချုပ်(ရေ)မှ       မောင်ဘုန်း လင်းရွှေ     ဟု       အမည်ပေးပြီး ထောက်ပံ့ငွေနှင့်  အာဟာရပြည့် စားသောက်ဖွယ်ရာ     များအား တာဝန်ရှိသူများက   ကိုယ်စား  ပေးအပ်သည်။           အဆိုပါ ကလေးငယ်သည်  ယခုခရီးစဉ် အတွင်း ပထမဆုံးအကြိမ် မွေးဖွား သော       ကလေးငယ်ဖြစ်ပြီး တပ်မတော် မြစ်တွင်းသွား ဆေးရုံ ရေယာဉ်  (ရွှေပုဇွန်)နှင့်  မြစ် ရေယာဉ် (စကု)၏ ဆေးကုသမှု  သမိုင်းမှတ်တမ်းတွင်       (၂၇) ယောက်မြောက်အဖြစ် အောင်မြင် စွာ  မွေးဖွားပေးနိုင်ခဲ့ခြင်း  ဖြစ် သည်။


ယခုကဲ့သို့     ကျန်းမာရေး ဆောင်ရွက်ပေးမှုများ      အပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို   ယခုလိုပဲ   ကြားသိခဲ့ရ ပါတယ်-


ဒေါ်ညွန့်ကြည် 
ကညင်ချောင်းကျေးရွာ 
ဟိုင်းကြီးကျွန်း


မျက်စိကတော့    ကွယ်တာ တစ်နှစ်ကျော်သွားပါပြီ။ နယ်လှည့် ဆေးကုသမှုသင်္ဘော    လာတယ် ဆိုတော့    အလွန်ပျော်ပြီးတော့ အခုလို   လာရောက်ကုသတာပါ။ မျက်စိက   မကုနိုင်တော့ဘူးလို့ ညတိုင်း ငိုမိပါတယ်။ မနက်တိုင်း သမီးဖြစ်သူ ဈေးရောင်းဖို့သွားရင် လည်း ထမင်းအိုးကို မမြင်မကန်းနဲ့ တည်ရပါတယ်။ ငါ့ကို ကုသပေး မဲ့သူ မရှိပါလားလို့ တွေးမိပါတယ်။ အခုလိုကြားတော့     ဘယ်လို ဝမ်းသာမိမှန်း မသိပါဘူး။ အခုလို ကုသပေးတဲ့အတွက်     အလွန် ပျော်မိပါတယ်။     မျက်စိက ညာဘက်က      အလွန်ဆိုးပြီး ဘယ်ဘက်က       မှုန်ပြီးတော့ အခုတော့   ကောင်းသွားပါပြီ။ အကုန်မြင်ရပါပြီ။     အခုတော့ မျက်စိ       ကောင်းသွားတော့ ဈေးရောင်းဈေးဝယ် အလွန်လုပ်  ချင်တာပါ။   အခုလုပ်လို့ရပါပြီ။ အခုလို မျက်စိလည်းကုပေးတယ်။ စားရေး      သောက်ရေးကအစ အကုန်စီစဉ်    ဆောင်ရွက်ပေးပါ တယ်။ လမ်းစရိတ်လည်း မကုန် ပါဘူး။ ကားနဲ့လိုက်ပို့ပေးပါတယ်။ အခုလည်း ကားနဲ့ပြန်ပို့ပေးမယ်လို့ ပြောပါတယ်။   အခုလို   စေလွှတ် ပေးတဲ့   နိုင်ငံတော်အကြီးအကဲကို အများကြီး ကျေးဇူးတင်ပါတယ်။


မချိုမာဝင်း (ရေကန်ကျေးရွာ၊ 
မြန်အောင်မြို့)


ကျွန်မက ခုဆိုနှစ်နှစ်လောက် ရှိပြီပေါ့နော်။     မနက်မိုးလင်း ကတည်းက    အမှုန်ဝင်တာပေါ့။ လယ်လုပ်တာဆိုတော့ စပါးအမှုန် တွေ ဘာတွေ ဝင်တာပေါ့။ တစ်နေ့ လုံး   နှာချေတယ်။   ညအိပ်လိုက် တယ်။   မနက်ကျ  ကောင်းသွား တယ်ဆိုတော့    နည်းနည်း    ပေါ့ နေတာပေါ့။ ဆရာဝန်တွေဘာတွေ ပြကြည့်လိုက်တော့  ထိပ်ကပ်နာ ဖြစ်ချင်တဲ့         ရောဂါဆိုတော့ ဆေးလေးဘာလေး သောက်လိုက်  ပျောက်လိုက်နဲ့  နှစ်နှစ်ကျော်ပြီ ဆိုတော့ ခုကျတော့ မြို့က ပါရဂူ တွေလာမယ်    ပြကြည့်ပါလား ဆိုတော့      ကြားလို့လာခဲ့တာပါ။ ထိပ်ကပ်နာဖြစ်ချင်တဲ့     ရောဂါ ပေါ့နော်။ ရေချိုးလည်း စောစော ချိုး၊   သူတို့ဆေးလေးတွေလည်း ပေးလိုက်တယ်ပေါ့နော်။ သောက် နေတော့ ပျောက်နေတာပဲ၊ ပျောက် နေတော့    ပေါ့နေလိုက်တယ်။ လေးရက်ငါးရက်ခြားမှ ဖြစ်တယ်။  တစ်ခါတလေကျ        ဆယ်ရက် ခြားမှ   ဖြစ်တယ်။  အဲဒီလိုနဲ့ပဲ နေလိုက်တာ။  ခုက  ပါရဂူတွေ လာမယ်ဆိုတော့ ဒီကဆရာဝန် တွေနဲ့  အဆင်ပြေမယ်  ထင်လို့ လာလိုက်တာ။ ဒီက ဆရာဝန်တွေ က   အကုန်စေတနာ    ကောင်းပါ တယ်။ ရောက်တာနဲ့ အကုန်ကြိုဆို  တာတွေရော အဆင်ပြေပါတယ်။ တချို့ကျတော့         ငွေကြေး မတတ်နိုင်ကြဘူးလေ။   ပြသဖို့ ကျတော့ ဘယ်လိုလုပ် အဆင်ပြေ မှာလဲ၊    ပိုက်ဆံမတတ်နိုင်တော့  တော်ရုံ တောသူတောင်သားတွေ  မလုပ်နိုင်ကြဘူး။ အခုဟာကတော့  တောသူတောင်သား     တွေရော မရှိတဲ့သူရော၊ ရှိတဲ့သူရော အကုန် လုံးအတွက် အဆင်ပြေပါတယ်။ အခုလို    လာလုပ်ပေးတာလေ။ ကိုယ်တွေကအစ အမှန်ပြောရရင်  သွားမယ်  လာမယ်ဆို  မသွားနိုင် ဘူးပေါ့။  သွားဖို့အရေးကို  ခက်ခဲ နေတာ။     အခုတော့     ဒီမှာ လာတာ       အဆင်ပြေပါတယ်။ လာရောက်ကုသပေးတဲ့ ဆရာဝန် တွေအားလုံးကို     ကျေးဇူးတင် တယ်။     ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေလိုပဲ    တခြားသူတွေ လည်း    အဆင်မပြေတဲ့သူတွေ   ရှိကြမှာပဲလေ။ အခုလို    စီစဉ်ပေး တဲ့  နိုင်ငံတော်  အကြီးအကဲတွေ အားလုံးကို       ကျွန်မအနေနဲ့ တကယ့်ကို ကျေးဇူးတင်ပါတယ်။ အားလုံးအတွက်     အဆင်ပြေ အောင်        လုပ်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်။


သတင်းစဉ်