တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်

 

 

နေပြည်တော်    မေ   ၁၆
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ်အတွင်းရှိ  ဒေသခံပြည်သူ များအား     ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် ပေးရန်ရောက်ရှိနေသည့်  နယ်လှည့် အထူးကု ဆေးအဖွဲ့များပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကျွန်းစုမြို့နယ်        စခန်းသစ် ကျေးရွာ အခြေခံပညာ အထက် တန်းကျောင်း၌  ဒေသခံပြည်သူ ၃၆၈    ဦးကို      ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၂ ဦး၊ ခွဲစိတ် ရောဂါ ၄၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၂ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ အရိုး ရောဂါ ၃၁ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၂၅ ဦး၊   မျက်စိရောဂါ   ၃၅  ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင်   ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ခုနစ်ဦးနှင့်      မျက်စိခွဲစိတ်လူနာ  ၁၄ ဦးတို့ကို       ခွဲစိတ်ကုသမှုများ ဆောင်ရွက်၍ ဓာတ်မှန်ရိုက်လူနာ ၃၈ ဦး၊    အာထရာဆောင်းဖြင့် စမ်းသပ်  စစ်ဆေးလူနာ  ၃၂  ဦး၊ ECG စက်ဖြင့်   နှလုံးစမ်းသပ်လူနာ ၄၅   ဦးနှင့်   ဓာတ်ခွဲစမ်းသပ်လူနာ ၆၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ   ဆောင်ရွက် ပေးပြီး   ဆေးရုံတက်ရောက်ကုသ ရန် လိုအပ်သည့် ဒေသခံပြည်သူ ကိုးဦးကို   ဆေးရုံရေယာဉ်ပေါ်တွင် ဆေးရုံတင်    ကုသပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်