တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

 

နေပြည်တော်   ဇွန်   ၁


တပ်မတော်နယ်လှည့်    အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊   ဆေးမှူး များ၊    သူနာပြုများပါဝင်သည့် တပ်မတော်    ပင်လယ်သွားဆေးရုံ ရေယာဉ်     (သံလွင်)     သည် ကိုကိုးကျွန်းမြို့နယ်နှင့်  တနင်္သာရီ ကမ်းရိုးတန်းဒေသများရှိ ဒေသခံ ပြည်သူများအား  မေ ၄ ရက်မှ ၃၁ ရက်အထိ ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့ ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် မြို့   အမှတ်(၃)  ရေတပ်ဆိပ်ခံ တံတား(သီလဝါ)သို့    ပြန်လည် ရောက်ရှိလာရာ  တပ်မတော်(ရေ)မှ    အရာရှိကြီးများနှင့်   အရာရှိ၊ စစ်သည်၊   မိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။

 


အဆိုပါ  တပ်မတော်ပင်လယ် သွား  ဆေးရုံရေယာဉ် (သံလွင်)မှ အထူးကု    ဆေးအဖွဲ့များသည် ကိုကိုးကျွန်းမြို့နယ် အနီးတစ်ဝိုက် ဒေသများနှင့်   တနင်္သာရီကမ်းရိုး တန်းဒေသများဖြစ်သော ကျွန်းစု၊ စခန်းသစ်၊ ဝဲကျွန်း၊ ပြင်စဘုကျွန်း၊ ပုလဲကျွန်း၊  ဝါးကျွန်း၊  ဇာဒက်ကြီး ကျွန်း၊ ဂျလန်းကျွန်းနှင့်  မွန်ပြည် နယ်  ရေးမြို့ နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်ကျွန်းအပေါ်    ဆိပ် ကျေးရွာတို့ရှိ   ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၂၅၄၄ ဦး၊ ခွဲစိတ်ရောဂါ ၈၆၅ ဦး၊ သားဖွား မီးယပ်ရောဂါ  ၈၂၄ ဦး၊   ကလေး ရောဂါ ၈၂၂ ဦး၊  အရိုးရောဂါ ၇၆၃ ဦး၊  နား/နှာခေါင်း/ လည်ချောင်း ရောဂါ ၆၈၅ ဦး၊    မျက်စိရောဂါ ၈၀၃ ဦးနှင့်  သွားရောဂါ ၇၃၉ ဦး စုစုပေါင်း ဒေသခံပြည်သူ ၈၀၄၅ ဦးတို့ကို   လိုအပ်သည့်   ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ ပြီး   ၎င်းတို့အနက်   မျက်စိခွဲစိတ် လူနာ ၁၂၂ ဦးနှင့်    အထွေထွေ ခွဲစိတ်လူနာ   ၂၅၀   တို့ကို   ဆေးရုံ ရေယာဉ်ပေါ်တွင်   ခွဲစိတ်ကုသမှု များ ဆောင်ရွက်ပေးခဲ့သည်။

 


ထို့ပြင်   ဓာတ်မှန်ရိုက်လူနာ  ၅၈၂ ဦး၊ Ultrasound ရိုက်လူနာ ၅၆၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၅၉၉ ဦး၊  ECG စက်ဖြင့်  နှလုံး စမ်းသပ်လူနာ     ၇၅၄    ဦးနှင့် ကွန်ပျူတာ    ဓာတ်မှန်ရိုက်လူနာ ၃၃ ဦးတို့ကို  ရောဂါရှာဖွေစမ်းသပ် ခြင်းများ  ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ  သားဖွား ခန်း၌       ကိုယ်ဝန်ဆောင်မိခင် လေးဦးအား        အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

 


တပ်မတော်     ပင်လယ်သွား ဆေးရုံရေယာဉ်  (သံလွင်)   ဖြင့် ပြန်လည်          ရောက်ရှိလာသည့် တပ်မတော်နယ်လှည့်   အထူးကု ဆေးအဖွဲ့ဝင်များအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်မှ  ဂုဏ်ပြု ပေးအပ်ချီးမြှင့်သော လက်ဆောင် ပစ္စည်းများအား    တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဗိုလ်ချုပ် ထိန်ဝင်းက  ပေးအပ်ခဲ့ပြီး နေ့လယ်စာဖြင့်   တည်ခင်းဧည့်ခံ ခဲ့သည်။  

 


တပ်မတော်       နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သော တပ်မတော်  ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) ဖြင့်  ၂၀၁၆ ခုနှစ်မှစ၍          မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများရှိ ဒေသခံ ပြည်သူများအား   ကျန်းမာရေး စောင့်ရှောက်မှု          လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ   ယခုခရီးစဉ် သည်   (၁၃) ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၁၂၅၀၀ တို့ကို   ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းနှင့်   ဆေးရုံရေယာဉ် ပေါ်ရှိ  သားဖွားခန်း၌  ကိုယ်ဝန် ဆောင်မိခင်   ၁၆    ဦးတို့ကို အောင်မြင်စွာ   မွေးဖွားပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်