တပ်မတော်နည်းပညာတက္ကသိုလ် အမှတ်စဉ်(၂၃) ဗိုလ်လောင်းသင်တန်း ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁၀


တပ်မတော်     နည်းပညာတက္ကသိုလ်    အမှတ်စဉ်(၂၃)ဗိုလ်လောင်းသင်တန်း    ပြန်တမ်းဝင်အရာရှိခန့်အပ် ခြင်း     အခမ်းအနားကို    ယနေ့နံနက်ပိုင်းတွင်  တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)    စစ်ရာထူးခန့်ချုပ်  ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိ ကြီးများ၊     တပ်မတော်နည်းပညာတက္ကသိုလ်            ကျောင်းအုပ်ကြီး   ဗိုလ်မှူးချုပ်     ကြည်ခိုင်နှင့် ကျောင်းဆင်း    ဗိုလ်လောင်းများ  တက်ရောက်ကြ သည်။

 


ဦးစွာ  စစ်ရာထူးခန့်ချုပ်၊ တပ်မတော်   အရာရှိ ကြီးများနှင့် ကျောင်းအုပ်ကြီးတို့က    စင်မြင့်ထက် တွင်     နေရာယူကြသည်။ ယင်းနောက်  ဒုတိယ ဗိုလ်ချုပ်ကြီးလင်းအောင်က ကျောင်းဆင်းဗိုလ် လောင်းတစ်ဦးချင်းစီကို    ပြန်တမ်းဝင်ခန့်အပ်လွှာ ပေးအပ်သည်။

 


ထို့နောက်   ဒုတိယဗိုလ်ချုပ် ကြီး   လင်းအောင်က  အမှာစကားပြောကြားပြီး      အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း     သတင်းရရှိသည်။               


သတင်းစဉ်