တပ်မတော်နှင့် ပြည်သူတွဲလက်ညီစွာ ရန်အပေါင်းကို တူယှဉ်ကာတိုက်ကြမှာ ....

Type
5

 

တပ်မတော်နေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

မင်းသော်

လူသားတို့၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြား ကျန်းကျန်းမာမာအေးချမ်းသာယာစွာ အသက်ရှင်ရပ်တည်နိုင်ရေးသည် အရေးကြီးပြီး ထိုကဲ့သို့နေထိုင်လိုကြသူ ချည်းသာ။ သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်ပေးနိုင်ရန်အတွက် သူတို့၏အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ၊ စည်းစိမ်ဥစ္စာ၊ မိဘ ဇနီး သား သမီးတို့နှင့် အေးချမ်းသာယာသောဘဝကို စွန့်လွှတ်ဝံ့သူတို့ရှိသည်။  သာမန်လူတို့လုပ်နိုင်ရန်  ခက်ခဲသည့် အရာရာကိုပေးဆပ်ခြင်းဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုကြသူများသည် တပ်မတော်သားများပင်ဖြစ်၏။

တိုင်းတစ်ပါးလက်အောက်  ကျွန် သပေါက်ဘဝဖြင့် နှစ်ပေါင်း  ၁၀၀  ကျော် ဖိနှိပ်ခံခဲ့ရခြင်းတွင် မျိုးချစ်တိုင်းရင်းသား တို့၏ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများစွာ ရှိသော်လည်း   လွတ်လပ်ရေးရရှိသည် အထိကား အောင်မြင်မှုမရရှိခဲ့ပေ။  အဓိက အကြောင်းတရားမှာ   စစ်ရေးစွမ်းအင် ပြည့်ဝသည့် တပ်မတော်မရှိခဲ့သည့်အတွက် ဟု   မိမိတို့ဘိုးဘွားတို့   ကောင်းစွာ သဘောပေါက်ရာမှသည်   ဗိုလ်ချုပ် အောင်ဆန်း   ဦးဆောင်သည့်   ရဲဘော် သုံးကျိပ်တို့၏  ဦးဆောင်မှုနောက်ဝယ် မြန်မာ့တပ်မတော် သန္ဓေတည်ရာအစ ဗမာ့လွတ်လပ်ရေးတပ်မတော်   (BIA) ပေါ်ပေါက်လာခဲ့သည်။ 
လွတ်လပ်သည့် 
တိုင်းပြည်ဖြစ်လာ 
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်ဝင်များ၊ မျိုးချစ်လူငယ် များသည်  ပင်ပန်းဆင်းရဲမှုတို့ကိုအန်တု၍ စစ်ပညာကို သင်ယူခဲ့ကြပြီး  လွတ်လပ် ရေးအတွက်  အတူတကွတိုက်ပွဲဝင်ရန် လက်မောင်းသွေး​ဖောက်   သစ္စာပြုခဲ့ ကြသည်။ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ဗမာ့တပ်မတော်ကြီး၏ ဦးဆောင်မှုနှင့် အတူ    ၁၉၄၅ ခုနှစ်       မတ်၂၇ ရက်တွင် တစ်နိုင်ငံလုံး  လှည်းနေ၊ လှေအောင်း၊   မြင်းဇောင်းမကျန် နယ်ချဲ့တို့ကို အတိအလင်း စစ်ကြေညာ၍        တိုက်ခိုက်ခဲ့သည့်   ထိုတစ်နေ့ကို  “တပ်မတော်နေ့” အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့သည်မှာ ၇၉ နှစ်တိုင်ခဲ့ ပြီဖြစ်ပါသည်။ 
ထိုခေတ်   ထိုအခါ   (၂၀)    ရာစု၏ တာထွက်စကတည်းကပင်  ဗမာ့တပ်မတော် သည်   ခက်ခဲသည့်   ခရီးကြမ်းရှည်ကို ဖြတ်သန်းခဲ့ရသည်။       တစ်နိုင်ငံလုံး တိုင်းရင်းသားအပေါင်း  လွတ်လပ်ရေးရရှိ စေရန် အသက်သွေးချွေးပေါင်းများစွာ စတေးခဲ့သည်မှာ (၂၁) ရာစု လူငယ်များအဖို့ နမူနာကောင်းများပင်ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေး သက်တမ်း သုံးလပင်မပြည့်သေး ကွန်မြူ နစ်ပါတီက အစိုးရကို  စတင်ပုန်ကန်သည်။ 
လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် ပြည်တွင်းစစ်မီး
ဝါဒမတူ၊ နိုင်ငံရေးအမြင်မတူညီမှုကို အခြေခံကာ တောခိုကွန်မြူနစ်တို့ ထကြွ သောင်းကျန်းခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အချို့လည်း ပေါ်ထွက်လာ ခဲ့သည်။   နိုင်ငံအရေးအခင်းတိုင်းတွင် မပါမပြီးသည့် တပ်မတော်မှာ မနေသာ တော့ဘဲ  တိုင်းပြည်အနာဂတ်အတွက် တာဝန်ယူကာကွယ်ခဲ့ရပြန်၏။ ၁၉၄၉ ခုနှစ် ဇန်နဝါရီတွင် အင်းစိန်တိုက်ပွဲ စတင်ဖြစ်ပွား သည်။  ရောင်စုံသူပုန်တို့က   ပြည်မြို့ကို သိမ်းသည်။     ပျော်ဘွယ်၊     မိတ္ထီလာ၊ မန္တလေး၊   သထုံ၊    မော်လမြိုင်   စသည့် မြို့များကို   ကေအန်င်ဒီအို၊ ကွန်မြူနစ်၊  ပြည်သူ့ရဲဘော်နှင့်   တောခိုသူပုန်တပ်များ က  သိမ်းပိုက်ထားသည်။ 
ထိုကာလတွင်     ရောင်စုံသူပုန်များ အကြား တပ်မတော်သည် ရှိစုမဲ့စုအင်အား ဖြင့် ပြည်ထောင်စုအလံတော်  ယိမ်းယိုင် ပြိုလဲမကျစေရေး   ကျားကန်နေရဆုံး အချိန်ဟု ဆိုနိုင်ပါသည်။ သောင်းကျန်းသူ များက နိုင်ငံအနှံ့အပြားကို သိမ်းပိုက် ထားသဖြင့် ရန်ကုန်အစိုးရဟုပင် ခေါ်ဝေါ် ခဲ့ကြဖူးသည်။ ထိုစဉ်က တပ်အင်အားမှာ နှစ်သောင်းသာရှိပြီး သူပုန်တို့အင်အားကား နှစ်ဆမျှပိုခဲ့သည်။  နိုင်ငံတော်ကို ကာကွယ် ရန်ဟူသည့် တပ်မတော်သားများ၏ မြဲမြံ ခိုင်မာသည့်         စိတ်ဓာတ်ခွန်အားကိုမူ ပုန်ကန်သူတို့                    အစွန်းအနားမျှမမီ။ စိတ်ဓာတ်ခွန်အားကြောင့်ပင်  ပြည်တွင်း ရောင်စုံသူပုန်များကိုသာမက   ပြည်ပ တရုတ်ဖြူကျူးကျော်မှုကိုပါ  တွန်းလှန် ရင်ဆိုင်နိုင်ခဲ့သည်။ ၁၉၈၈ခုနှစ်  နိုင်ငံ အရေးပေါ်အခြေအနေတွင်  လည်းကောင်း၊ ၂၀၂၀ပြည့်နှစ်  ရွေးကောက်ပွဲ၏ မဲမသမာ မှုကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အခွင့်အရေးများ     မဆုံးရှုံးစေရန်နှင့် လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာစေရေးအတွက်လည်း ကောင်း   တပ်မတော်ကပင်   လူမုန်းခံ ကျားကန်ထိန်းသိမ်း တည့်မတ်နေခဲ့ရသည် မဟုတ်ပါလား။ 
စွမ်းရည်ပြည့်ဝသည့် 
အနာဂတ်တပ်မတော်  
တပ်မတော်အနေဖြင့်  ထာဝရငြိမ်းချမ်း ရေးအတွက်   လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေး     ခေတ်အဆက်ဆက်တိုင်း တွင်    ကြိုးပမ်းခဲ့ဖူးသည်။     တပ်မတော်သား တို့မည်သည်    ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်အတွက်    မတိုက်လျှင်မဖြစ် တိုက်ကြရသည်။ ထို့ပြင် နိုင်ငံနှင့်ပြည်သူတို့ ဘေးအန္တရာယ်များ   ကြုံတွေ့ချိန်တိုင်း အသက်ကိုပဓာနမထားဘဲ  လူသားချင်း စာနာထောက်ထားမှုနှင့်   ကယ်ဆယ်ရေး လုပ်ငန်းများကို ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ဆောင်ရွက်နေမှုများ များစွာရှိခဲ့ သည်။ သဘာဝဘေးအန္တရာယ် ကျရောက် မှုတိုင်း တပ်မတော်သားများ မပါ၍မပြီး၊  နိုင်ငံရပ်ခြား၌   အတိဒုက္ခရောက်ကြရသည့် မြန်မာများအတွက်လည်းကောင်း၊ ကမ္ဘာ့ ကပ်ရောဂါနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေချိန်များတွင်  လည်းကောင်း၊  ပြည်သူတို့၏  အသက်အိုးအိမ်စည်းစိမ်တို့  မလုံခြုံဘဲ  အကြမ်းဖက်သောင်းကျန်းသူ များ၏  ထိပါးစော်ကားမှုတို့ကို  လည်း ကောင်း တပ်မတော်သားများက ရှေ့ဆုံးက အင်တိုက်အားတိုက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ 
ကမ္ဘာတွင် နိုင်ငံတော်ကာကွယ်ရေးဟုဆိုလိုက်လျှင်  စစ်ပွဲများဆင်နွှဲခြင်း တစ်ခုတည်းသာမက နိုင်ငံတကာ  စစ်ပွဲ သဘောတရားများ  အသွင်ပြောင်းလဲလာ သည်နှင့်အမျှ  စစ်မှုရေးရာကျွမ်းကျင်သူများဖြစ်စေရန် နိုင်ငံရေးနည်းလမ်း၊ စီးပွား ရေးနည်းလမ်း၊ လူမှုရေးနည်းလမ်း၊ မူဝါဒ သဘောတရားရေး  နည်းလမ်းများနှင့် ဝါဒဖြန့်ချိရေး        နည်းလမ်းများကိုပါ အသုံးပြုလာသည်ကို  မြင်တွေ့ရသည်။ ထို့အပြင် တပ်မတော်၏အရည်အချင်းသည် လူတစ်ဦးချင်းစီ၏  စွမ်းရည်ပေါ်တွင် အခြေခံပြီး  စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့်       ပေါင်းစပ်ရခြင်းဖြစ်သည့် အတွက် တပ်မတော်သားများ၏ တစ်ဦးချင်း စွမ်းရည်မြင့်မားရေးကို အလေးအနက်ထား ဆောင်ရွက်ကြရသည်။ 
မိမိတို့ မြန်မာ့တပ်မတော်သည်လည်း ကာကွယ်ရေးကဏ္ဍကို  မြှင့်တင်နိုင်ရန် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည် ဆောက်လျက်ရှိပြီး အနာဂတ်တပ်မတော် ကို Standard Army အဖြစ် တည်ဆောက် နိုင်ရန်လည်း  အားထုတ်ကြိုးပမ်းလျက်ရှိ ပါသည်။ တပ်မတော်အနေဖြင့်  နိုင်ငံရေး လုပ်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ် သည့်  တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို ပုံဖော်နေခြင်းပင် ဖြစ်ပါသည်။
တပ်မတော်သားများသည်   သစ္စာ အဓိဋ္ဌာန်လေးချက်ကို ဦးထိပ်ပန်ဆင်ကာ  စစ်သည်တော်ကျင့်ဝတ်   အပါး ၆၀ ကို ခါးဝတ်ပုဆိုးကဲ့သို့  မြဲမြံစွာစောင့်ထိန်း နေထိုင်ကြသူများဖြစ်ပြီး   တပ်မတော်သည် နိုင်ငံတော်၏ ကာကွယ်ရေးအဖွဲ့အစည်း ဖြစ်၍ တပ်မတော်ပြိုကွဲလျှင် နိုင်ငံလည်း ပျက်သုဉ်းရပေလိမ့်မည်။  မြန်မာနိုင်ငံ ပျက်စီးရေးကို  ရှေးရှု၍   တပ်မတော်ကို ပစ်မှတ်ထား  နည်းလမ်းမျိုးစုံ   ပြောဆို လုပ်ကြံသူများ၊  သပိတ်နည်းလမ်းမှသည် အကြမ်းဖက်သမားများအဖြစ် နိုင်ငံတော် နှင့် တပ်မတော်ကို  ပြိုလဲအောင် အလဲထိုး တိုက်ခိုက်လိုသူများမှာ ခေတ်အဆက်ဆက် ဒုနှင့်ဒေး ရှိနေဆဲ။ 
ကာကွယ်ရေးအင်အား ပိုမိုတောင့်တင်း
အကျိုးစီးပွားအတွက်၊ အခွင့်အာဏာ နှင့်  လုပ်ပိုင်ခွင့်အတွက် နိုင်ငံရေးအပါး မဝသူများ၊ ဉာဏ်အမြော်အမြင် နည်းပါး သူများကြောင့်  ၂၀၂၀      ပြည့်နှစ်       ရွေးကောက်ပွဲကြီးမှာ သမိုင်းတွင်  နာမည်ဆိုးဖြင့်  အရိပ်မည်း စွန်းထင်ခဲ့ရပြီ။  မဲမသမာမှုကို ဖော်ထုတ်၍  တည့်မတ်ပေးနေသည့်    တပ်မတော်၏ စေတနာကို      နားလည်ပေးနိုင်ဖို့ဝေးစွ၊   ရိုးသားသည့်ပြည်သူများ၊ လူငယ်များကို ပြည်ဖျက်လုပ်ငန်းစဉ်များ       အတွက်   နောက်ကွယ်က   ကြိုးကိုင်မြှောက်ပင့်ပေး၍ တိုင်းဖျက်၊ ပြည်ဖျက်လမ်းစဉ် ဖော်ဆောင် ကြသည်။   
နောက်ဆက်တွဲကား  ကိုယ်ကျိုးရှာ တိုင်းရင်းသား     လက်နက်ကိုင်အဖွဲ့များ၊ အကြမ်းဖက် PDF များက ထကြွလာကာ တစ်ရွာတစ်ဗိုလ်နည်းဖြင့်      တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ     ပြိုကွဲစေရန်၊ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင် ခွင့်မရစေရန်၊ တိုင်းပြည်နာလန်မထူစေရန် နှင့် မိမိတို့အကျိုးစီးပွားများအတွက် နိုင်ငံကိုခုတုံးလုပ်ကာ    ပြည်ဖျက်လုပ်ငန်း အမျိုးမျိုးကို    လုပ်ဆောင်ခဲ့ကြသည်။ လက်ရှိကာလတွင် မိမိတို့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် ပေး၍ နိုင်ငံ၏ကံကြမ္မာကို ပြောင်းလဲပေး နိုင်စွမ်းရှိသည်မှာ နိုင်ငံတော်၏ တစ်ခုတည်း သော   မြန်မာ့တပ်မတော်သာ     ဖြစ်ပါ သည်။
မြန်မာ့တပ်မတော်သည်  နိုင်ငံနှင့် လူမျိုးကို ကာကွယ်လိုစိတ်ရှိသည့် လူငယ် များကြောင့် ယခုကဲ့သို့ အင်အားတောင့် တင်းစွာဖြင့် ၇၉ နှစ်တိုင် အဓွန့်ရှည်တည်တံ့ နေရခြင်းဖြစ်သကဲ့သို့ ယခုနှစ်တွင် ထူးခြား သည့်  အခြေအနေတစ်ရပ်မှာ   ပြည်သူ့ စစ်မှုထမ်းဥပဒေ အသက်ဝင်ခဲ့ပြီး မကြာမီ ပင်  ပြည်သူ့စစ်မှုထမ်းဆောင်သူများကို မြင်တွေ့ကြရတော့မည်။   နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရမည့် အသိ၊ သတိများ ပိုမိုကိန်းအောင်းလာကြပြီးနောက် စစ်ရေး စစ်ရာ ကျွမ်းကျင်လာကြရာမှသည် နိုင်ငံ တော်၏ ကာကွယ်ရေးကို  အသက်​ပေး ကာကွယ် တာဝန်ယူလိုစိတ်တို့ကြောင့် အမျိုးသားရေးစိတ်ဓာတ်များ       ပိုမို အားကောင်းလာနိုင်မည်၊  တပ်မတော်၏ အင်အားသည်လည်း တပ်နှင့်  ပြည်သူ ပေါင်းစပ်မှုဖြင့် ပို၍ပို၍ တောင့်တင်း ခိုင်မာလာတော့မည်ဟု       မျှော်လင့်မိ သည်။ 
အသက်ကိုလောင်းကြေးတင်၍ စွန့်လွှတ်စွန့်စားဝံ့သူများ 
နိုင်ငံ၏ လွတ်လပ်ရေးရပြီး သမိုင်း ကြောင်းတစ်လျှောက် ပြည်ထောင်စုကြီး ပြိုကွဲရေးကို တွန်းပို့သည့် ခြိမ်းခြောက်မှု များသည် ယခုမှ ပေါ်ပေါက်လာသည်မဟုတ်၊ မကြာခဏ  ကြုံတွေ့ရစမြဲ။ အမှားနှင့် အမှန်၊ အဖြူနှင့် အမည်း မကွဲပြားခင် ဖွံ့ဖြိုးရေး လမ်းစတို့ ပျောက်ဆုံး၊ ပညာရေး၊ ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး အရာအားလုံး နှောင့်နှေးခဲ့ရပြီး   အမျိုးသားအကျိုးစီးပွား ရှေးရှုမည့်  ဝိသေသများ ပျောက်ဆုံးကာ ကမ္ဘာ့အလယ်တွင်     သိမ်ငယ်ခဲ့ရသည်။ လက်ရှိတွင်      တိုင်းရင်းသားပြည်သူများ အေးချမ်းစွာနေထိုင်ဖို့အရေး  အမိနိုင်ငံတော် မပြိုကွဲစေရန်   စစ်တလင်း၌  အသက်ကို လောင်းကြေးထပ်၍ စွန့်စားပေးဆပ်နေကြ သူများသည်      တပ်မတော်သားများပင် ဖြစ်သည်။ 
ယနေ့       နိုင်ငံတော်အစိုးရသည် လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံ ဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တိုင်းရင်း သားအားလုံး အချိုးကျကိုယ်စားပြုပါဝင် နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာ စေရေးအတွက်   ဦးတည်ကြိုးပမ်းလျက်ရှိ သည်။ ပြည်သူများအတွက် ဘဝသစ်များ ဖန်တီးပေးနိုင်ရေး အရေးကြီးဆုံးအချက်မှာ အကြမ်းဖက်မှုများ ကင်းဝေးရာ   တရား ဥပဒေစိုးမိုးပြီး ငြိမ်းချမ်းသည့်    လူ့ဘောင် ကို  တည်ဆောက်ပေးနိုင်ရေးပင်   ဖြစ်ပါ သည်။
မိမိတို့၏  ဘိုးဘွားတိုင်းရင်းသား လူမျိုးအားလုံးက  သွေးစည်းညီညွတ်စွာဖြင့် အသက်သွေးချွေးတို့  ရင်းနှီးကာ လွတ်လပ် ရေးကို အရယူပေးခဲ့ကြသည်။ အချင်းချင်း အပြန်အလှန် တိုက်ခိုက်ခြင်းဖြင့် မိမိတို့၏ အချိန်များစွာ နှောင်းခဲ့ကြရပြီ ဖြစ်သည်။ စစ်သား၊ သူပုန်  မည်သူထိခိုက်ကြွေလွင့် ရသည်ဖြစ်စေ နိုင်ငံသားအချင်းချင်းပင် ဖြစ်၍   အမိနိုင်ငံ၏   ရင်နှစ်သည်းချာ သားသမီးများပင် ဖြစ်ကြသည်။ 
ရှေ့ဆက်၍  အကြမ်းဖက်လုပ်ရပ်များ ရပ်တန်းကမရပ်ဘဲ   နိုင်ငံပျက်သုဉ်းသည် အထိ ဆင်ခြင်တုံတရားမဲ့သော အမှားမျိုး ကိုတော့ တပ်မတော်နှင့် ပြည်သူများက အကြိမ်ကြိမ် နားလည်ခွင့်လွှတ်ပေးတော့ မည်မဟုတ်ပါ။   မတူညီမှုများအကြား အပြန်အလှန်  ရန်တုံ့နှင်းနေမည့်အစား တူညီသည့်         ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကိုသာ   ရှေးရှုရင်း ငြိမ်းချမ်း စွာ၊  ရိုးသားပွင့်လင်းစွာ၊ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံရေးကို မိမိတို့ ကိုယ်တိုင်     စဉ်းစားဆင်ခြင်ဉာဏ်နှင့် ယှဉ်ကာ ညှိနှိုင်းအဖြေရှာ လက်တွဲသွား ကြမည်ဆိုလျှင် အပျော်ဆုံးလူသားများတွင် ကြည်း၊ ရေ၊ လေ စစ်သည်တော်များလည်း အပါအဝင် ဖြစ်ပေလိမ့်မည်။ 
မေ့မရသောတပ်မတော်နေ့
စာရေးသူတို့  ငယ်စဉ်ကတည်းက စိတ်လှုပ်ရှားဖွယ် နေ့ရက်များအနက် တပ်မတော်နေ့  အခမ်းအနားလည်း တစ်ခုအပါအဝင်ဖြစ်သည်။ စစ်ကြောင်း အလိုက် ချီတက်လာသည့် တပ်မတော်သား များအတွက် အမျိုးသမီးများက စံပယ် ပန်းကုံးများ  သီကုံးကြသည်။ အောင်သပြေ များဖြင့်  ဆီးကြိုကြသည်။ နံနက်အရုဏ်ဦး ဝယ်  ဘင်ခရာတပ်ဖွဲ့မှ ထွက်ပေါ်လာသည့် အသံသည်   စစ်သည်တို့ကို  စိတ်ဓာတ် အားအင်ဖြည့်ပေးရုံမျှမက ပြည်သူများကိုပါ နိုင်ငံချစ်စိတ်၊ ရဲရင့်သည့်စိတ်တို့ကို ပေးစွမ်း နိုင်သည်။ တပ်မတော်နေ့အခမ်းအနားတွင် ကြည်း၊ရေ၊လေ  စစ်ကြောင်းကြီးများ ချီတက်အလေးပြုနေသည်ကို         တီဗွီ ဖန်သားပြင်ထက်ဝယ်    စိတ်လှုပ်ရှားစွာ စောင့်ကြည့်အားပေးခဲ့ဖူးသည်။ 
လေသူရဲများ ဝေဟင်ပေါ်တွင် အလှပြ ပျံသန်းနေသည်ကိုလည်းကောင်း၊ ရေတပ်မှ ပင်လယ်ပျော်တို့၏   မောင်းနှင်လာမည့် နည်းပညာမြင့် ရေယာဉ်အမျိုးမျိုးကိုလည်း ကောင်း၊ ညီညာစွာ ချီတက်လာကြသည့် ကြည်းတပ်စစ်သည်တို့ကို လည်းကောင်း၊ တစ်နှစ်ထက်တစ်နှစ်   ပြောင်းလဲမြင့်မား လာသည့်    စစ်ဘက်ဆိုင်ရာနည်းပညာ အသစ်အဆန်းများကို  လည်းကောင်း ပြည်သူတို့က စိတ်ဝင်တစား  အားပေးကြ သည်။  ထိုနေ့တွင်  တပ်မတော်သားများ၏ စွန့်လွှတ်စွန့်စား အနစ်နာခံမှုများကို ပြည်သူ တို့က ချီးကျူးဂုဏ်ပြုကြသည်။ တိုင်းပြည် အတွက် အသက်စွန့်၍ ပေးဆပ်သွားရသော စစ်သည်တော်ကြီးများကို      လေးစား အောက်မေ့ရင်း၊ ဂုဏ်ယူကျေးဇူးတင်ရင်း ဖြင့် ဝမ်းနည်းဝမ်းသာဖြစ်ကြရသည်။ 
(၇၉)နှစ်မြောက် တပ်မတော်နေ့မှသည် စစ်သည်တော်ကြီးများအားလုံး   နိုင်ငံ တော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို ကျေပွန်စွာထမ်းရွက်ရင်း စွမ်းရည် ထက်မြက်ခြင်းနှင့်  ပြည်သူချစ်သော တပ်မတော်တစ်ရပ်ပီသစွာဖြင့် ပြည်သူနှင့် အတူ ရပ်တည်ကာ တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွားအတွက်  အစဉ်ကာကွယ် စောင့်ရှောက်ပေးမည်ဟု  ယုံကြည်ရင်း တပ်မတော်နေ့အား      ဂုဏ်ပြုလိုက် ရပါသည်။    ။