တပ်မတော်၌ ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  ဇန်နဝါရီ   ၃၁


တပ်မတော်၌   ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု  ဒုတိယနေ့ကို  ယနေ့တွင်  မင်္ဂလာဒုံ မြို့နယ်  တပ်မတော်ဆေးရုံကြီး  (ခုတင်၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။

 


အသည်းအစားထိုးခွဲစိတ်ကုသမှုမှာ ဦးသောင်းဝင်း နှင့် ၎င်း၏ အသည်းအလှူရှင်ဖြစ်သော ဦးဖြိုးအောင်ဇင် တို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 


အသည်းအစားထိုး      ခွဲစိတ်ကုသမှုဆောင်ရွက် ရာတွင်       အသည်းအလှူရှင်လူနာထံမှ        အသည်း ထုတ်ယူခြင်းကို   နံနက်  ၉  နာရီခွဲတွင်    စတင်ခဲ့ပြီး ထုတ်ယူရရှိသော    အသည်းကို   မွန်းလွဲ   ၃ နာရီခွဲခန့် တွင်  အသည်းလက်ခံလူနာထံသို့ အသည်းအစားထိုး ခြင်း  ဆောင်ရွက်ခဲ့ကာ  စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီ ခန့် ကြာမြင့်ခဲ့သည်။    အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏  ခွဲစိတ်ပြီး နောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ   ကောင်းမွန်လျက်ရှိပြီး  လိုအပ်သော   ပြုစုကုသမှုများကို   အထူးကြပ်မတ် ကုသခန်း၌ သက်ဆိုင်ရာပါရဂူများ၊  ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက် လျက်ရှိသည်။

 


ထိုသို့    အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး   (ကြည်း)   ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး   ညွှန်ကြားရေးမှူး   ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။              

သတင်းစဉ်