
နေပြည်တော် နိုဝင်ဘာ ၂၃
ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာ သည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန် မြို့ရှိ ရဟန္တာ ဦးသီလဓာတ်တော် စေတီဝင်းအတွင်းရှိ ဦးသီလ သာသနာ့ဗိမာန်၌ အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၇၃၁ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကု ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၀ ၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေး ရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၁၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၆ ဦး၊ မျက်စိရောဂါ ၁၀၃ ဦးနှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ထို့အပြင် အထွေ ထွေ ခွဲစိတ်လူနာ ခုနစ်ဦး၊ မျက်စိ ခွဲစိတ်လူနာ တစ်ဦး၊ ဓာတ်မှန်ရိုက် လူနာ ခုနစ်ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ရှစ်ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။ ထို့နောက် လာရောက် ဆေးကုသမှုခံယူကြသော ဒေသခံ ပြည်သူများအား နေ့လယ်စာ ထမင်းဘူးများ ပေးဝေလှူဒါန်း ကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများ ကို နယ်မြေခံတပ်နယ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူ များ၏ စကားသံများကို ယခုလို ကြားသိခဲ့ရသည်-
ဒေါ်တင်သိန်း (ရေလယ်သောင်
ကျေးရွာ၊ ဇလွန်မြို့)
ခြေထောက်အရိုးအကြောဖြစ် တာက လေးနှစ်ကျော်ပြီ။ မျက်စိ ကွယ်သွားတာတော့ တစ်နှစ် ကျော်ပြီ။ ကုစရာလည်းမရှိတော့ ငုတ်တုတ်နေရတယ်။ အပြင်မှာ သွားကုမယ်ဆိုရင် လေးသိန်း ကျော်၊ ငါးသိန်းကုန်မယ်တဲ့။ အဘွား တို့ မရှိတဲ့သူတွေက ဘယ်လိုကုနိုင် မလဲ။ အဲဒီတော့ ရွှေပုဇွန်သင်္ဘော ကြီးလာမယ်ဆိုတော့ ဝမ်းသာပြီး ပျော်နေတာ။ လာပါစေလို့လည်း ဘုရားမှာ ဆုတွေတောင်းရတယ်။ အခုလာလို့ ကုရတော့လည်း ဝမ်းသာတာပေါ့။ တစ်ပြားမှ မကုန်ဘူး။ ငါးပြားမှ မပေးရတဲ့ အပြင် ရောက်တယ်ဆို ထမင်း ကြော်၊ လက်ဖက်ရည်တိုက်တယ်။ လူနာတွေကို နွေးထွေးမှု အများကြီး ပေးပါတယ်။ ပြေးထမ်းတယ်၊ ပြေးတွဲတယ်။ ရောက်တယ်ဆိုတာ နဲ့ အဆာပြေစားပြီးပြီလား လာမေးတယ်။ မစားရသေးဘူး ဆိုရင် အဆာပြေကျွေးတယ်။ လိုလေသေးမရှိပါဘူး။ ပြုစုယုယ ပေးတယ်။ ကြင်နာမှု၊ နွေးထွေးမှု တွေ ပေးကြပါတယ်။ တစ်နေ့က လာစာရင်းပေးတယ်။ မနေ့က ခွဲစိတ်ရတယ်။ ဒီနေ့ကျတော့ ဖြည် ပေးတယ်။ ဖြည်ပေးတော့ အခု မျက်စိက မြင်သွားပြီ။ မြင်သွား တော့ ဝမ်းသာပီတိတွေ ဖြစ်တယ်။ ဝမ်းလည်းနည်းတယ်။ မျက်စိမြင် သွားရတယ်။ ခါတိုင်းဘုရားရှိခိုး တာတောင် ဘုရားဆင်းတုတော် ကို မဖူးရ၊ မမြင်ရဘူး။ အခုမြင် သွားရလို့ ဝမ်းသာတယ်။ ကိုယ့် ဘုန်းကြီးတွေ အိမ်ရှေ့က သွားလို့ တောင် မဖူးရ၊ မမြင်ရဘူး။ အခု မြင်ရ၊ ဖူးရပြီ။ ဝမ်းသာတယ်။ အသက်ရှည် ကျန်းမာကြပါစေ။ ဘေးဘယာခပ်သိမ်း ကင်းငြိမ်းကြ ပါစေ။ ရောဂါခပ်သိမ်း ကင်းငြိမ်း ကြပါစေ။ သောကခပ်သိမ်း ကင်းငြိမ်းကြပါစေ။ လူတစ်ယောက် ရဲ့အလင်းရောင်ရရှိအောင် လုပ်ပေး တဲ့အတွက် သူတို့မိသားစုတင် မကဘူး တစ်တိုင်းတစ်ပြည်လုံး ရော အားလုံး အသက်ရှည်ကျန်းမာ ကြပါစေလို့ ဆုတောင်းပေး ပါတယ်။
ဒေါ်အုန်းမေ (မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်း၊ ဇလွန်မြို့)
ကျွန်မတို့က အခုလို နယ်လှည့် ဆေးကုသရေးအဖွဲ့ လာရောက် တာကို မြို့နယ်ရဲ့ကိုယ်စား လာ ရောက်ပြီးတော့ ဝမ်းသာအားရ ကြိုဆိုပြီး တတ်နိုင်တဲ့ဘက် ကနေ လာရောက်ကူညီတာပါ။ ကျွန်မတို့က လူနာတွေကို နေရာချ ပေးတယ်။ သူ့နေရာနဲ့သူ သွားနိုင် အောင်လုပ်ပေးတယ်။ အဆင်ပြေ အောင်လည်း ကျွန်မတို့ အများကြီး ကူညီပေးပါတယ်။ ဆေးပေးတဲ့ နေရာတွေရော၊ လိုအပ်တဲ့နေရာ တွေမှာပါ အကုန်လုံးမှာ တတ်နိုင် တဲ့ဘက်ကနေ ကူညီပေးတယ်။ မျှော်လင့်ခဲ့ရတဲ့ဟာလေးက အခုဆို မျှော်လင့်ချက်ပြည့်သွားလို့ အလွန် ကို ဝမ်းသာပါတယ်။ ကျွန်မတို့ မြို့နယ်က မရှိဆင်းရဲသားတွေကို အခုလို အခမဲ့ လာရောက်ကုသ ပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ အများကြီး ဝမ်းသာပီတိ ဖြစ်ရ သလို ကျေးဇူးလည်းတင်ပါတယ်။ အခုလို ကိုယ့်မြို့နယ်မှာကိုယ် ကုသခွင့်ရနိုင်အောင် လာရောက် စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံ တော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အများ ကြီး ကျေးဇူးတင်ပါတယ်။ ဆေးကုသမှုအဖွဲ့အနေနဲ့ အခွင့် အခါသင့်မယ်ဆိုရင် နောက် တစ်ကြိမ်လည်း ကျွန်မတို့ မြို့နယ် ကို လာရောက်ပြီး ဆေးကုသပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မ တို့ကလည်း လိုအပ်တဲ့နေရာမှာ ပါဝင်ကူညီ ဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်။
သတင်းစဉ်