တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) မော်လမြိုင်ကျွန်းမြို့နယ် ရွာသစ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် ဖေဖော်ဝါရီ  ၄
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်   ကျေးရွာများမှ      ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေးရန် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူး များနှင့်   သူနာပြုများပါဝင်သော   တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့်   မြစ်ရေယာဉ်(စကု)တို့သည် ယနေ့တွင် မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာနှင့်    ပတ်ဝန်းကျင်ကျေးရွာများမှ   ဒေသခံ ပြည်သူ ၉၅၀ ကို ၎င်းကျေးရွာရှိ သီရိမင်္ဂလာကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၉၇ ဦး၊ ခွဲစိတ်ရောဂါ ၆၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၃ ဦး၊ ကလေးရောဂါ   ၃၅  ဦး၊ အရိုးအကြောရောဂါ ၁၈၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၁၉၇ ဦးနှင့် သွားရောဂါ ၃၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၃၈ ဦး နှင့် မျက်စိခွဲစိတ်လူနာ ၁၁ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၂၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၂၇ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို ယနေ့တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ်    ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့်  အဖွဲ့ဝင်များက    သွားရောက်ကြည့်ရှု အားပေးပြီး   လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်