
နေပြည်တော် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ် ကျေးရွာများမှ ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာ ပြုများ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့တွင် ဝါးခယ်မ မြို့နယ် ကနစိုးကုန်းကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၅၁၅ ဦးကို ၎င်းကျေးရွာများရှိ ဘုန်းတော် ကြီးကျောင်းများ၌ အခြေပြု ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၇၀၊ ခွဲစိတ်ရောဂါ ၁၁၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၈၀၊ ကလေးရောဂါ ၈၈ ဦး၊ အရိုးရောဂါ ၁၂၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၀၉ ဦး၊ မျက်စိရောဂါ ၃၄၆ ဦးနှင့် သွားရောဂါ ၈၂ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ၅၆ ဦးနှင့် မျက်စိ ခွဲစိတ်လူနာ ၃၀ တို့ကို ခွဲစိတ်ကုသ ပေးခြင်းများနှင့် ဓာတ်မှန်ရိုက် လူနာ ၃၇ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၀၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၅၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ များနှင့် ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်