တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂


ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်ကျေးရွာများမှ  ဒေသခံ ပြည်သူများကို      ကျန်းမာရေး စောင့်ရှောက်မှု       လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေ သော        တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့်    သူနာပြုများ ပါဝင်သော တပ်မတော်မြစ်တွင်း သွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့တွင်      လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ     ဒေသခံပြည်သူ ၁၂၁၃    ဦးကို     ၎င်းကျေးရွာရှိ  သာသနာ့ဇေယျုံကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင်  ဆေးကုသမှုဆိုင်ရာရောဂါ ၃၈၉ ဦး၊ ခွဲစိတ်ရောဂါ ၉၈ ဦး၊ သားဖွား/မီးယပ်ရောဂါ   ၃၈  ဦး၊   ကလေး ရောဂါ ၄၆ ဦး၊ အရိုးအကြောရောဂါ ၂၁၅ ဦး၊ နား၊ နှာခေါင်း၊ လည် ချောင်းရောဂါ  ၁၂၁  ဦး၊  မျက်စိ ရောဂါ ၂၄၃ ဦးနှင့်  သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။  ထို့ပြင်   အထွေထွေခွဲစိတ်လူနာ ၄၄  ဦးနှင့်    မျက်စိခွဲစိတ်လူနာ ၂၁ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်း များနှင့် တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်လူနာ ၈၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ    ၇၆  ဦးနှင့်  ဓာတ်ခွဲစမ်းသပ်လူနာ ၉၈ ဦးတို့ကို  ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန်လိုအပ်သည့်  လူနာ များအား  နီးစပ်ရာ   တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

 


ထို့ပြင် တပ်မတော်မြစ်တွင်း သွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)ပေါ်၌    တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ    သားဖွား မီးယပ်ပါရဂူ ဗိုလ်ကြီး ရန်ပိုင်ဦး ဦးဆောင်ပြီး    လပွတ္တာမြို့နယ် မြစ်ပေါက်ကျေးရွာအုပ်စု  ဒေါင့် ချောင်းကျေးရွာနေ  ဦးကျော်ကျော် ၏ ဇနီးဖြစ်သူ ဒေါ်စနေမကို ယနေ့  မွန်းလွဲ   ၁၂   နာရီ   ၅   မိနစ်တွင်  ၆ ပေါင်နှင့် ၆ အောင်စ ရှိ သမီး မိန်းကလေးတစ်ဦးအား အောင်မြင်  စွာ မွေးဖွားပေးနိုင်ခဲ့ပြီး  သမီးငယ် ကို မိုးရွှေဇွန်ဟု အမည်ပေးခဲ့ကာ ကာကွယ်ရေး    ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး    မိုးအောင်   က  ပေးအပ်သည့်      ထောက်ပံ့ငွေ နှင့်   လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက    ကိုယ်စား ပေးအပ်ခဲ့သည်။ 

 


အဆိုပါကလးငယ်သည် ယခု ခရီးစဉ်အတွင်း ပထမဆုံးမွေးဖွား ပေးခဲ့သည့်  ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ ၂၀၁၃ ခုနှစ် မှစ၍  ဆေးကုသမှုများ  ပြုလုပ် ပေးမှု  သမိုင်းမှတ်တမ်းတွင် ၂၅ ဦးမြောက်အဖြစ်  အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း  သတင်းရရှိသည်။
        

သတင်းစဉ်