တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) လပွတ္တာမြို့ နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  ဇန်နဝါရီ  ၃၁


ဧရာဝတီတိုင်းဒေသကြီး  ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ  မြစ်ဝ ကျွန်းပေါ်ကျေးရွာများမှ  ဒေသခံ ပြည်သူများကို     ကျန်းမာရေး စောင့်ရှောက်မှု    လုပ်ငန်းများ ဆောင်ရွက်ပေးရန်   ရောက်ရှိနေ သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူး များနှင့်   သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား  ဆေးရုံ ရေယာဉ်  (ရွှေပုဇွန်)  နှင့်   မြစ်ရေ ယာဉ်  (စကု)   တို့သည်      ယနေ့ တွင်     လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများမှ    ဒေသခံပြည်သူ ၁၇၉၈ ဦးကို   ယင်းမြို့ရှိ ဦးဟိုက် ပင့်တံတားဆိပ်ကမ်း၌  အခြေပြု၍ ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများ   ဆက်လက်ဆောင် ရွက်သည်။

 


ထိုသို့     ဆောင်ရွက်ရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၈၁ ဦး၊ ခွဲစိတ်ရောဂါ ၁၂၈ ဦး၊  သားဖွား/မီးယပ်ရောဂါ  ၆၈  ဦး၊  ကလေး ရောဂါ ၇၃ ဦး၊  အရိုးအကြောရောဂါ ၃၆၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၁၄၃ ဦး၊ မျက်စိရောဂါ ၄၁၉ ဦးနှင့်  သွားရောဂါ ၁၁၈ ဦးတို့ကို လိုအပ်သည့်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။    ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၅၄ ဦးနှင့် မျက်စိခွဲစိတ်လူနာ   ၄၀    တို့ကို ခွဲစိတ်     ကုသပေးခြင်းများနှင့် တယ်လီဗေးရှင်း   ဓာတ်မှန်ရိုက် လူနာ ၈၉ ဦး၊    ECG   စက်ဖြင့် နှလုံးစမ်းသပ်လူနာ   ၅၈   ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၉ ဦးတို့ကို ရောဂါ     ရှာဖွေစမ်းသပ်ပေးခြင်း များ   ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်    လိုအပ် သည့်    လူနာများအား   နီးစပ်ရာ တပ်မတော်ဆေးရုံများသို့   တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးခဲ့ကြောင်း    သတင်းရရှိ သည်။         

သတင်းစဉ်