တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု) လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁


ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်  ကျေးရွာများမှ   ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေးရန်   ရောက်ရှိနေသော  တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော  တပ်မတော်မြစ်တွင်းသွား  ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည့် ယနေ့တွင် လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့်   ပတ်ဝန်းကျင်ကျေးရွာများမှ   ဒေသခံပြည်သူ  ၈၁၄ ဦးကို  ၎င်းကျေးရွာရှိ သာသနာ့ဇေယျုံကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ      ဆက်လက်ဆောင်ရွက် ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၁၉ ဦး၊  ခွဲစိတ်ရောဂါ ၅၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၂ ဦး၊ ကလေးရောဂါ ၅၆ ဦး၊ အရိုးအကြောရောဂါ ၁၃၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၆ ဦး၊ မျက်စိရောဂါ ၁၈၅ ဦးနှင့် သွားရောဂါ ၄၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ် လူနာ ၂၉ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၀ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်း များနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၇၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၅၈  ဦးနှင့်  ဓာတ်ခွဲစမ်းသပ်လူနာ  ၆၈  ဦးတို့ကို ရောဂါ   ရှာဖွေစမ်းသပ်ပေးခြင်းများ   ဆောင်ရွက်ပေးပြီး   ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်