
နေပြည်တော် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာ ပြုများ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့တွင် ညောင်တုန်း မြို့နယ် ဆားမလောက်ကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၃၁ ဦးကို ယင်း ကျေးရွာ၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ စတင် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၅၅ ဦး၊ ခွဲစိတ်ရောဂါ ၁၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေး ရောဂါ ၁၇ ဦး၊ အရိုးရောဂါ ၃၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိရောဂါ ၅၀ နှင့် သွား ရောဂါ ၂၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ခုနစ်ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၂၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်