
နေပြည်တော် ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့တွင် မော်လမြိုင်ကျွန်း မြို့နယ် လှိုင်းဘုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၈၇ ဦးကို ၎င်းကျေးရွာရှိ သီရိမင်္ဂလာ ကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၃ ဦး၊ ခွဲစိတ်ရောဂါ ၂၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၂ ဦး၊ ကလေးရောဂါ ၂၅ ဦး၊ အရိုးအကြောရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၆၇ ဦး၊ မျက်စိရောဂါ ၈၄ ဦးနှင့် သွားရောဂါ ၂၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၁၅ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၂၉ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများ နှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၅၂ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၄၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၄ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်