
နေပြည်တော် ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို တပ်မတော်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ကျောက်စာ ခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်စာချပ် များ ပျက်စီးခဲ့ကြောင်း တရားမဝင် အကြမ်းဖက် အားပေး Narinjara မှ လူမှုကွန်ရက်စာမျက်နှာ များတွင် သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက်အရ ၂၄ ရက် ညပိုင်းတွင် AA လက်နက်ကိုင်သောင်းကျန်းသူများက မြောက်ဦး မြို့ရှိ ရဲစခန်း နှစ်ခုကို ရှော့တိုက်ဒုံး၊ လက်နက်ကြီး များဖြင့် အဝေးမှ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများနေထိုင်ရာ မြို့အတွင်းရှိ လူနေ အဆောက်အဦနှင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ပြတိုက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေ အဆောက်အဦအချို့နှင့် ကျောက်စာချပ်များပျက်စီးခဲ့ကြောင်း သိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများမှ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကို ဖုံးကွယ်လိုသော ရည်ရွယ်ချက်ဖြင့် တပ်မတော်မှ ပစ်ခတ်သည်ဟု မဟုတ်မမှန်ရေးသား၍ သွေးထိုး လှုံ့ဆော်ကာ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်