
နေပြည်တော် ဇန်နဝါရီ ၃
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် တပ်မတော် မှ တိုက်ပွဲမရှိဘဲ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်များ၊ ဈေးဆိုင်ခန်း များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Western News က လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ ဇန်နဝါရီ ၂ ရက် နံနက် ၄ နာရီ ခန့်က မင်းပြားမြို့နယ်အတွင်း AA သောင်းကျန်းသူအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုအချို့ ဖြစ်ပွား၍ သောင်းကျန်းသူများ ထိခိုက် ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေး သွားကြောင်းသိရှိရပြီး မင်းပြား မြို့၊ ရမ်းဗြဲမြို့တို့အား တပ်မတော် မှ လက်နက်ကြီး၊ လေယာဉ် အသုံးပြု ပစ်ခတ်တိုက်ခိုက်ခြင်းများမရှိခဲ့ကြောင်းနှင့် တစ်ဖက်သတ် စွပ်စွဲလုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
သို့ဖြစ်ပါ၍ တရားမဝင် ပြည်ဖျက် မီဒီယာများအနေဖြင့် နိုင်ငံတော်အစိုးရ၏ တည်ငြိမ် အေးချမ်းရေးဆောင်ရွက်နေမှုများ ကို ထိခိုက်စေရန်နှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ထိုးနှက် ရေးသားခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်