
နေပြည်တော် မတ် ၁၂
မြစ်ကြီးနား-ဗန်းမော်လမ်းမကြီး ပေါ်ရှိ နွမ်လန့်ကျေးရွာအနီးတွင် မတ် ၁၁ ရက်က လုံခြုံရေးဆောင် ရွက်နေသည့် တပ်ဖွဲ့ဝင်များက လက်နက်ကြီး ပစ်ခတ်မှုကြောင့် နန်းအီကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံရှမ်းအမျိုး သမီးငယ် သုံးဦး ထိမှန် သေဆုံးခဲ့ ကြောင်း သတင်းတု၊ သတင်းမှား များကို တရားမဝင် ပြည်ဖျက် မီဒီယာများက တစ်ဖက်သတ် စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများ က ကချင်ပြည်နယ်အတွင်း အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် လုံခြုံရေး တပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း၊ အများပြည်သူအသုံးပြုနေ သည့် ဆက်သွယ်ရေးလမ်းကြောင်း များကို ပိတ်ဆို့တိုက်ခိုက်ပြီး ခရီး သွားပြည်သူများနှင့် ကုန်ပစ္စည်း များကို အတင်းအဓမ္မ ငွေကြေးတောင်းခံမှုများလုပ်ဆောင်လျက် ရှိရာ မတ် ၁၁ ရက်တွင် မြစ်ကြီးနား- ဗန်းမော်ကားလမ်းပေါ်ရှိ နွမ်လန့် ကျေးရွာအနီးမှ လုံခြုံရေးတပ် စခန်းများကို လက်နက်ကြီးများ ဖြင့် လာရောက်ပစ်ခတ်ခဲ့စဉ်တွင် အနီးဝန်းကျင်ရှိ ကျေးရွာများပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များသည် အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ် များကို ကာကွယ်ပေးရန်နှင့် ဒေသခံပြည်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင် အမြင်လွဲမှား စေရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသားပြီး သွေးထိုး လှုံ့ဆော်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်