တပ်မတော်မှ ဆောင်ရွက်ပေးထားသည့် အိမ်ရာများ၊ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးထားပြီးဖြစ်သဖြင့် မိမိတို့နေထိုင်ရသည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်လိုအပ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအားတွေ့ဆုံ၍ 
စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်    ဇန်နဝါရီ    ၂၃

 


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်       ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်(လေ)    ဗိုလ်ချုပ် ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ် ပိုင်းတိုင်း     စစ်ဌာနချုပ်    တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲ ပိုင်းတွင်   အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)ရှိ စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင်များအား သွားရောက် တွေ့ဆုံသည်။

 


ဝမ်းမြောက်


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် စစ်မှုထမ်းဟောင်းများ နှင့်  မိသားစုဝင်များ၏   လူမှုစီးပွားဘဝ  အတိုင်းအတာတစ်ခုအထိ အဆင်ပြေစွာ  ရပ်တည်နေထိုင်နိုင်ရေး အမြဲတမ်းစဉ်းစား ၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊  ယခု အဆင့်မြင့်     စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး)တွင် နေထိုင်သည့် စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များအနေဖြင့် ပြည့်စုံသည် မဟုတ်သော်လည်း အတိုင်း အတာတစ်ခုအထိ အဆင်ပြေစွာ နေထိုင် နေကြရသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

 


ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်


နိုင်ငံတော်အနေဖြင့် ရှိရင်းစွဲလုပ်ငန်း များ၊ အကြမ်းဖက်သမားများ၏ အဖျက်  အမှောင့်လုပ်ရပ်များကြောင့်    ထိခိုက် ပျက်စီးခဲ့ရသည့် လုပ်ငန်းများနှင့် အခြေ အနေအရပ်ရပ်တွင်   ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို     လုပ်ဆောင်နေရ လျက်ရှိကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော် အနေဖြင့် ဘတ်ဂျက် ကန့်သတ်ချက်ရှိပြီး တပ်မတော်အနေဖြင့်  တပ်မတော်သား များနှင့် မိသားစုဝင်များ၏    သက်သာ ချောင်ချိရေးလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး  တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို  နိုင်ငံတော်သို့  ပေးသွင်းရမည့် အခွန်အခများ ပြည့်မီစွာ ပေးသွင်း၍ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်း များဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့် အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့် အရေးများ တောင်းဆိုခဲ့ခြင်းမရှိကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များမှ ယခု ကဲ့သို့ တပ်မတော်သား၊ စစ်မှုထမ်းဟောင်း များ၊    မိသားစုဝင်များ၏   သက်သာ ချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက် ပေးနေခြင်းပင် ဖြစ်ကြောင်း။

 


ထိန်းကျောင်းပေးရမည် 


တပ်မတော်မှ    ဆောင်ရွက်ပေးထား သည့် အိမ်ရာများ၊ အလုပ်အကိုင် အခွင့် အလမ်းများကို ဖန်တီးထားပြီးဖြစ်သဖြင့် မိမိတို့နေထိုင်ရသည့်    ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်  လိုအပ်မည်ဖြစ်ကြောင်း၊ လူတို့၏ သဘောသဘာဝသည် အလုပ် မလုပ်ပါက  ထုံထိုင်းသွားတတ်ပြီး  ဘဝ ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သောကြောင့်  မိမိတို့ လုပ်နိုင်သရွေ့ လုပ်ဆောင်ကြရန်၊ အခြေအနေပေးသရွေ့ လုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင် ပြီး    မိမိကိုယ်တိုင်နှင့်     မိမိမိသားစုကို  ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အပျော်အပါး၊ အသောက်အစား၊ အလောင်း အစားများ နှင့်ပတ်သက်၍ မိမိတို့တစ်ဦး ချင်း  ကိုယ်စီအသိစိတ်ဖြင့်  ရှောင်ကြဉ် ကြရန် လိုအပ်မည်ဖြစ်သကဲ့သို့ မိမိတို့၏ သားသမီးများကိုလည်း    ဘာသာတရား အဆုံးအမများဖြင့် နေထိုင်တတ်အောင် ထိန်းကျောင်းပေးကြရမည် ဖြစ်ကြောင်း။

 


သောက်စားပျော်ပါး  မလုပ်စေလို


မိမိတို့တစ်ဦးချင်း၏ အသိစိတ်ဓာတ် ဖြင့်   မိမိနှင့်  မိမိတို့၏    မိသားစုများကို ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ကောင်းမွန် သည့် လူမှုဘဝပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုနှင့် ပတ်သက်သည့်  ပွဲလမ်းသဘင်များကို လုပ်ဆောင်၍    ရသည်ဖြစ်သော်လည်း နည်းလမ်းမကျသော သောက်စားပျော်ပါး သည့် ပျော်ရွှင်မှုများကို မလုပ်ဆောင်ကြ စေလိုကြောင်း။

 


တပ်မတော်သားများသည် မိမိတို့၏ သဘောဆန္ဒများအလျောက် တပ်မတော်  တွင်းသို့  ဝင်ရောက်အမှုထမ်းခဲ့ကြခြင်း ဖြစ်ပြီး   နိုင်ငံအဝန်းမှ   နိုင်ငံသားများ ပေါင်းစည်းထားခြင်းပင်   ဖြစ်ကြောင်း၊  အိမ်ရာတွင်နေထိုင်သည့်    စစ်မှုထမ်း ဟောင်းများသည် တပ်ပေါင်းများစွာတွင်  အမှုထမ်းခဲ့ကြသူများဖြစ်ပြီး   ဆွေရင်း မျိုးရင်းများ              မဟုတ်ကြသော်လည်း သွေးသားမတော်စပ်သည့် မိသားစုများပင် ဖြစ်သည့်အတွက်    ညီအစ်ကို၊   ညီအစ်မ၊ မောင်ရင်းနှမသဖွယ်      စိတ်ဓာတ်ဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ လူတို့၏ သဘောသဘာဝအရ မတူညီမှု၊ မညီမျှမှု များရှိကြသည်ဖြစ်သော်လည်း   ညီရင်း အစ်ကိုဟူသည့်စိတ်ကိုအရင်းခံ၍ ဆောင် ရွက်မည်ဆိုပါက မတူညီမှုများကို အနည်း ဆုံးဖြစ်အောင်   ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ စည်းလုံးညီညွတ်မှုရှိရန် အဓိက  အရေးကြီးကြောင်း၊ တပ်မတော်သားများ သည် ပြည်သူကြားက ပေါက်ဖွားလာခြင်း ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခု ပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် နေသည့် တပ်မတော်ကို အလေးထားကြ ပြီး  နိုင်ငံရေးအရ  အမြတ်ထုတ်လိုသူ၊ အသုံးချလိုသူများကသာလျှင် တပ်မတော် ၏ အမျိုးသား နိုင်ငံရေးတာဝန်ထမ်းဆောင် မှုများကို နိုင်ငံရေးတွင် အသုံးချခဲ့ကြသည် များရှိကြောင်း။

 


စစ်မှုထမ်းဟောင်းများအနေဖြင့် မိမိ တို့၏ သားသမီးများ၏ လူမှုဘဝမြင့်မား ရေး၊ ဘဝတစ်လျှောက် အေးချမ်းသာယာ စွာ   ဖြတ်သန်းနိုင်ရေးအတွက်   ပြုစု ပျိုးထောင်ပေးကြရန်   လိုအပ်မည်ဖြစ် ကြောင်း၊  ပညာရည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်  နိုင်ငံတော်နှင့် တပ်မတော်က လိုအပ်သည်များကို ဆောင်ရွက်ပေးလျက် ရှိသည့်အတွက် မိမိတို့သားသမီးများ၏ ပညာရေးကို   အားပေးဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း မှာကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး) တွင်နေထိုင်သည့် စစ်မှု  ထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် ဆန်၊   ဆီနှင့်    တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ် ရာ စစ်မှုထမ်းဟောင်းတစ်ဦးက လက်ခံ ရယူသည်။ ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏   တင်ပြချက်များ အပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


အခမ်းအနားအပြီးတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်   အဖွဲ့ဝင်များ သည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ကြပြီး  အိမ်ရာအတွင်း  မော်တော်ယာဉ်  များဖြင့်  လှည့်လည်ကြည့်ရှုကြကြောင်း  သတင်းရရှိသည်။                  

 

သတင်းစဉ်