တပ်မတော်မှ အဆိပ်ငွေ့ဗုံးများ အသုံးပြု၍ တိုက်ခိုက်လျက်ရှိသည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၁ 


ရှမ်းပြည်နယ်     (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ်လုံခြုံ ရေးစခန်းအား   TNLA   အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက    တိုက်ခိုက်လျက်ရှိပြီး တပ်မတော်မှ နယ်မြေဒေသ လုံခြုံ ရေးနှင့်   တရားဥပဒေစိုးမိုးရေး အတွက် လိုအပ်သောလုံခြုံရေး လုပ်ငန်းများကို  ဆောင်ရွက်လျက် ရှိရာ တပ်မတော်မှ အဆိပ်ငွေ့ဗုံး များဖြင့် တိုက်ခိုက်လာခဲ့သည်ဟု TNLA အဖွဲ့မှ မဟုတ်မမှန်သတင်း ထုတ်ပြန်ချက်တစ်ခုကို  Online မီဒီယာများတွင်     ဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။


အဆိုပါ    TNLA   အဖွဲ့၏ မဟုတ်မမှန်   ကြေညာချက်အား ခေတ်သစ်မီဒီယာ    အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို  မလိုလားသည့်   ပြည်ဖျက် မီဒီယာများက    လူမှုကွန်ရက် စာမျက်နှာများ၌   ဖော်ပြမှုများ ပြုလုပ်၍  သတင်းအမှားများကို အသီးသီးထုတ်လွှင့်ခဲ့ကြသည်ကို တွေ့ရှိရသည်။ 


တပ်မတော်အနေဖြင့် အဆိပ် ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲ များတွင်မှ  အသုံးပြုတိုက်ခိုက်ခဲ့ ခြင်းမရှိကြောင်း၊ အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက် ရာတွင် ထိရောက်သောလက်နက် ကြီးပစ်ကူဖြင့် တပ်မတော်သား များ၏ ရွပ်ရွပ်ချွံချွံ   တိုက်ခိုက်မှု များကြောင့် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ သည်     အကျအဆုံးများလာပြီး  ၎င်းတို့အဖွဲ့အတွင်း   စိတ်ဓာတ် ပျက်ပြားကာ တိုက်လိုခိုက်လိုစိတ် မရှိကြတော့သဖြင့် အဆိပ်ငွေ့ဗုံး များ အသုံးပြုသည်ဟု မဟုတ်မမှန် လုပ်ကြံ၍ ပြည်ဖျက်မီဒီယာများ အားကိုးကာ     သတင်းမှားများ ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့်   နယ်မြေ ဒေသလုံခြုံရေးနှင့်  တရားဥပဒေ စိုးမိုးရေးအတွက်   အကြမ်းဖက်မှု ချေမှုန်းရေး    စစ်ဆင်ရေးများကို ဆက်လက်      ဆောင်ရွက်သွား မည်ဖြစ်ကြောင်း      သတင်းရရှိသည်။


သတင်းစဉ်