တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ  ၂၂


တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း  (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၀)  ပြန်တမ်းဝင်အရာရှိ  ခန့်အပ် ခြင်းအခမ်းအနားကို     ယနေ့ နံနက်ပိုင်းတွင်     တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မြဝတီခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူးခန့်ချုပ်  ဒုတိယဗိုလ်ချုပ် ကြီး လင်းအောင်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိ ကြီးများ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း  (မှော်ဘီ) ကျောင်းအုပ်ကြီး    ဗိုလ်မှူးချုပ် မင်းမင်းစိုးနှင့်     ကျောင်းဆင်း ဗိုလ်လောင်းများ  တက်ရောက်ကြ သည်။


ခန့်အပ်လွှာများပေးအပ်


အခမ်းအနား  အစီအစဉ်အရ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး   လင်းအောင်၊   တပ်မတော် အရာရှိကြီးများနှင့်    တပ်မတော် (ကြည်း)  ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်တွင် နေရာယူကြပြီး နောက်       ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က     ကျောင်းဆင်း ဗိုလ်လောင်း     တစ်ဦးချင်းစီအား  ပြန်တမ်းဝင်       ခန့်အပ်လွှာများ ပေးအပ်သည်။


ထို့နောက်  စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး  လင်းအောင် က    အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းသည်။


လေ့ကျင့်မွေးထုတ်ပေးနိုင်


ယနေ့     ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင်အရာရှိ  ခန့်အပ်ခြင်း အခမ်းအနားသည် ကျောင်းဆင်း ဘွဲ့ရ    အမျိုးသမီးဗိုလ်လောင်း များအား  ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်    ပေးအပ်ခြင်းဖြစ် သည်။ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအား တပ်မတော်အတွက် အရည်အချင်းပြည့်ဝသည့်   ဦးစီး အရာရှိများ   မွေးထုတ်ပေးရန်ဆို သည့် ရည်ရွယ်ချက်ဖြင့် တပ်မတော် (ကြည်း)  ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)  ၌  ၂၀၁၄   ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခု အခါ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်  (၁၀)  အထိ လေ့ကျင့်  မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့်    သင်တန်းဆင်း အမျိုးသမီး   အရာရှိများအနေဖြင့် သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ)လက်ရုံးတပ်ဖွဲ့များတွင် အသီးသီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ် ကြောင်း သတင်းရရှိသည်။


သတင်းစဉ်