
နေပြည်တော် ဇန်နဝါရီ ၂၃
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီး သီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ နဂါးရုံကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ သဒ္ဓမ္မ ဝေပုလ္လကာရီကျောင်းတိုက်၊ ရခိုင် ပြည်နယ် အမ်းမြို့ရှိ စွယ်တော် ဘုန်းတော်ကြီး ကျောင်းတိုက်၊ မဟာဂန္ဓာရုံအေးရိပ်သာကျောင်း တိုက်နှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ခြေ စစ်ကိုင်းကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်အသီးသီးမှ တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်