
နေပြည်တော် စက်တင်ဘာ ၂၈
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဝေဠုဝန်သာသာနာ့ရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏအမှူးပြုသော သံဃာတော် အပါး ၄၀ တို့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့်အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော် ငါးအိတ်၊ ဆီ ၁၀ ပိဿာ၊ ပဲ တစ်အိတ်၊ ဆား တစ်အိတ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၊ လယ်ဝေးမြို့နယ် ပုဏ္ဏမီဂုဏ်ဝေ သီလ ရှင်စာသင်တိုက်၊ အောင်ချမ်းသာ သီလရှင်စာသင်တိုက်၊ ရတနာ ဒီပသီလရှင် စာသင်တိုက်နှင့် ဓမ္မရာဇကျောင်းတိုက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ဈေးတန်းဘုန်းတော်ကြီးကျောင်း၊ ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် အလံတပိုကျေးရွာရှိ သာသနာ့ ဟိတကာရီ ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းမြို့ မြတ်မော်တင်ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ဘုမ္မ ဘုန်းတော်ကြီးကျောင်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သုခကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်