တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၁၂


တပ်မတော်(ကြည်း၊ ရေ၊  လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့်  စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်      လှူဒါန်းခြင်းနှင့် ကျန်းမာရေး   စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။


ထိုသို့   ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်       ရှမ်းပြည်နယ် (အရှေ့ပိုင်း)      မိုင်းဆတ်မြို့ရှိ ဓာတ်စွမ်ယောင်းစေတီတော်၊ မြို့ဦး ကျောင်းတိုက်၊ မြို့မကျောင်းတိုက်၊ မဟာမြတ်မုနိ    ကျောင်းတိုက်၊ ဘုန်းတော်ကြီးသင်    ပညာရေး သဗ္ဗညုကျောင်း၊ ဓာတ်စွမ်းဟုန် ကျောင်းတိုက်၊     မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွှေကျောင်းတိုက်၊ လေးကျွန်းသစ္စာရှင်  နဂါးမောက် ကျောင်း၊  ကရင်ပြည်နယ် မြဝတီ မြို့ရှိ    ငွေဟင်္သာကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး ကလိန် အောင်မြို့ရှိ ရန်အောင်မြင်ကျောင်း တိုက်၊   ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရှမ်းချောင်း ကျေးရွာရှိ ရှမ်းချောင်းဇေတဝန် ကျောင်းတိုက်၊   ဧရာဝတီတိုင်း ဒေသကြီး  ပုသိမ်မြို့ရှိ   ဓမ္မသုခ ကျောင်းတိုက်၊ မအူပင်မြို့ပေါ်ရှိ ကျောင်းတိုက်များနှင့် မန္တလေး တိုင်းဒေသကြီး  ချမ်းမြသာစည် မြို့နယ်ရှိ       ရွှေရေးဆောင် ကျောင်းတိုက်မှ  ဆရာတော်၊ သံဃာတော်များနှင့်   သာသနာ့ နွယ်ဝင်    သီလရှင်များအတွက် ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး   အထောက်အကူပြုပစ္စည်း များ၊  နေ့ဆွမ်းများနှင့်  လှူဖွယ် ပစ္စည်းများကို    သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်    အသီးသီးမှ တိုင်းမှူးများနှင့်  တာဝန်ရှိသူ များက  သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။


ထို့အပြင်     ရှမ်းပြည်နယ် (အရှေ့ပိုင်း)    မိုင်းဆတ်မြို့ရှိ မြို့ဦးကျောင်းတိုက်၊  မြို့မကျောင်း တိုက်၊   မဟာမြတ်မုနိကျောင်း တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေး သဗ္ဗညုကျောင်းနှင့် ဓာတ်စွမ်းဟုန် ကျောင်းတိုက်တို့မှ သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင် များအား တြိဂံဒေသတိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ပေးခြင်းများ    ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်