
နေပြည်တော် အောက်တိုဘာ ၂၄
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၃ ရက်နှင့် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ရှိ ဂီရိနိမိတ်ကျောင်းတိုက်၊ တနင်္သာရီ မြို့ရှိ ချောင်းငယ်ကျောင်းတိုက်၊ မဟာသန္တိသုခဝင်္ကပါ ဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာရှိ ဘန့်ဘွေးကုန်းကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့ရှိ တောင်ဖီလာတောရကျောင်းတိုက် တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများ၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်