တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

 

 

နေပြည်တော်  ဇန်နဝါရီ  ၁၀
တပ်မတော်   (ကြည်း၊ ရေ၊ လေ) အရာရှိ၊     စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်     စေတနာရှင် အလှူရှင်များက     မြို့နယ် အသီးသီးရှိ    ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့     ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့်  လှူဖွယ်ပစ္စည်းများ လှူဒါန်း ခြင်း၊    နေ့ဆွမ်းများ   ဆက်ကပ် လှူဒါန်းခြင်းနှင့်     ကျန်းမာရေး စစ်ဆေးပေးခြင်းများကို    ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်  စက်စုကျေးရွာ ရှိ ရွှေကျွန်းမဏ္ဍိုင်ကျောင်းတိုက်၊ သန်လျင်မြို့နယ်    ဘုရားကုန်း ကျေးရွာရှိ တော်ဝင်ရတနာ အရှေ့ ကျောင်းတိုက်၊    ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အောင်မင်္ဂလာ ကျောင်းတိုက်၊    စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ် ဖားမောင် ကျေးရွာရှိ       အသောကာရာမ မစိုးရိမ်ကျောင်းတိုက်၊  မန္တလေး တိုင်းဒေသကြီး     အောင်မြေသာဇံ မြို့နယ်  တိပိဋက ထိန်လင်းစာသင် တိုက်တို့ရှိ    ဆရာတော်၊ သံဃာ  တော်များနှင့်   သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊      နေ့ဆွမ်း များနှင့်    လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ် အသီးသီးမှ    တာဝန်ရှိသူများက သွားရောက်     ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့အပြင်     စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ် ဖားမောင် ကျေးရွာ  အသောကာရာမ မစိုးရိမ် ကျောင်းတိုက်ရှိ  သံဃာတော်များ အား      အနောက်မြောက်တိုင်း စစ်ဌာနချုပ်      ခန္တီးတပ်နယ်မှ နယ်မြေခံဆေးအဖွဲ့က      လိုအပ် သည့်   ကျန်းမာရေးစစ်ဆေးပေး ခြင်းများ      ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်