
နေပြည်တော် စက်တင်ဘာ ၂၂
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ်ရှိ သိင်္ဂီရတနာသီလရှင်စာသင်တိုက်၊ တပ်ကုန်းမြို့နယ် ဘိုးဘွားရိပ်သာ၊ မြို့ဦး ကျောင်းတိုက် ၊ ပဏ္ဍိတာရာမကျောင်းတိုက်၊ ညောင်လွန့်တောရကျောင်းတိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု (စံပြ)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝရပ်ကွက်ရှိ ဇေယျာသီရိ ကျောင်းတိုက်၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာရှိ သောတိရာမသာသနာ့ဟိတကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့ရှိ စန်းမေတ္တာသာမဏေကျော် စာသင်တိုက်၊ ဟိုင်းကြီး ကျွန်းမြို့ရှိ သာသနာ့ဇောတိကာရုံကျောင်းတိုက်၊ ငရုတ်ကောင်းမြို့ရှိ ဓမ္မိကာရုံမြို့မ ကျောင်းတိုက်၊ ဓမ္မဝိဟာရကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ်ရှိ မဟာအဘယာ ရာမလှထွေကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးမှ မြို့နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်