
နေပြည်တော် ဒီဇင်ဘာ ၁၈
တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီး သီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသ ကြီး ရေဖြူမြို့နယ် သဲချောင်း ကျေးရွာရှိ သာသနာ့ဩဘာ ကျောင်းတိုက်၊ မြောက်ပယ ကျေးရွာရှိ မြောက်ပယကျောင်း တိုက်၊ တောင်ပယကျေးရွာ ရှိ ပယတောင်ဘုန်းတော်ကြီး ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ရှိ သုနန္ဒာ ရာမကျောင်းတိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ် ကချင်စု ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်ရှိ ထန်းပင်ကုန်းကျောင်းတိုက်နှင့် ကရင်ပြည်နယ် သံတောင်ကြီး မြို့ရှိ သာသနာ့ဟိတကာရီ တပ်ဦး ဘုန်းတော်ကြီးကျောင်းတို့မှ ဆရာ တော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ် ကချင်စု ကျေးရွာရှိ ထေရဝါဒဗုဒ္ဓ သာသနာ ပြုကျောင်းတိုက်မှ သံဃာတော် များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့ က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်