တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ  ၁၉


တပ်မတော်  (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင် အလှူ ရှင်များက    မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်     သီလရှင် ကျောင်းများနှင့်    ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေး ခြင်းများကို  ဆောင်ရွက်လျက် ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့  မွန်းလွဲပိုင်းတွင် နေပြည် တော်ကောင်စီနယ်မြေ  တပ်ကုန်း မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင် တိုက်များ၊ သာသနာ့နွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် တပ်ကုန်း မြို့ ဘိုးဘွားရိပ်သာသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်     ပြည်သူများက စုပေါင်းလှူဒါန်းသည့်  အလှူငွေ ကျပ်   ၁၃၀၅၄၅၀၀၊ ဆန် ၃၆၅ အိတ် ၁၆ ပြည်၊ ဆီ ပိဿာ ၁၀၉ ဒသမ ၇၀ ၊ ပဲ ၁၀၉၇ ပိဿာ၊ ဆား ၁၀၉၇ ပိဿာ၊  လက်သန့်ဆေး ရည် ၁၀၉၇ ဘူးနှင့် ဆေးမျိုးစုံ ၁၅၂၄ ဘူးတို့ကို  နေပြည်တော် တိုင်းစစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်    အဖွဲ့ဝင် များက ငွေတောင်တောရကျောင်း တိုက်သို့သွားရောက်၍ ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတက   အမှူးပြုသော သံဃာတော်များထံ    ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် နယ်မြေ ခံတပ်မတော်      သားများက သက်ဆိုင်ရာ    ဘုန်းတော်ကြီး ကျောင်းများ       အသီးသီးသို့ လိုက်လံပို့ဆောင်၍   ဆက်ကပ် လှူဒါန်းပေးသည်။


အလားတူ  ယနေ့တွင်  ရှမ်း ပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် မြို့ရှိ   အောင်မင်္ဂလာ  ဘုန်းကြီး ကျောင်းနှင့်  ဇေယျသုခဘုန်းတော် ကြီးကျောင်း၊  ရန်ကုန်တိုင်းဒေသ ကြီး   လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်   ရှမ်းချောင်းကျေးရွာရှိ ရှမ်းချောင်း    ဇေတဝန်ကျောင်း တိုက်၊ မှော်ဘီမြို့နယ် ဆပ်သွား တောကျေးရွာရှိ    မြိုင်သာယာ သာသနာ့       ဗိမာန်ကျောင်း   တိုက်၊   ဧရာဝတီတိုင်းဒေသကြီး   ဒေးဒရဲ မြို့ရှိ        မရမ်းကျောင်း  တိုက်၊  ပေါ်တော်မူကျောင်းတိုက်၊ သာသနဝိသုဒ္ဓိစစ်ကွင်းကျောင်းတိုက်နှင့်     တော်တန်းကျောင်း တိုက်၊  မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်   စလေ ဘုန်းတော်ကြီးသင်   ပညာရေး ကျောင်းတို့ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာ      တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်  တာဝန်ရှိသူများ က သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်