တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  ဇန်နဝါရီ   ၁၆


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်၊ အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊   သာသနာ့နွယ်ဝင်  သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ  ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ် (အရှေ့ပိုင်း)   ကျိုင်းတုံမြို့ရှိ   သီလဓမ္မ ကုန်းသာတောရကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး  အင်းစိန်မြို့နယ်   အောင်ဆန်းရပ်ကွက်ရှိ သာသနဝိပုလကာရီကျောင်းတိုက်၊ မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ      မဟာရတနာ လေထီးတပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သာတမြို့ ပညာဝတီကျောင်းတိုက်၊ ရခိုင် ပြည်နယ် အမ်းမြို့ ပြည်ဘုန်းတော်ကြီးကျောင်းတိုက် နှင့်   ဘန်းတောင်   ဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး   ချမ်းအေးသာစံမြို့နယ် မဟာဓမ္မပါလနန်းဦးကျောင်းတိုက်၊ ပဲခူးတိုင်းဒေသ ကြီး   ပြည်မြို့    ရတနာမာန်အောင်ရပ်ကွက်ရှိ ကြားတောရကျောင်းတိုက်တို့ရှိ  ဆရာတော်၊ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအတွက် ဆွမ်းဆန်တော်၊   ဆီ၊ ဆား၊ ပဲ   အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊     နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ  တိုင်းမှူးများနှင့်    တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်းစဉ်