တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဇန်နဝါရီ  ၁၅

 


တပ်မတော်  (ကြည်း၊   ရေ၊  လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့်    စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့်      ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ် လှူဒါန်း ခြင်းများ     ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်        ရှမ်းပြည်နယ် (မြောက်ပိုင်း)        လားရှိုးမြို့ရှိ မန်ဆူဘုရားကြီး    ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်       စမ်းကြီးဝရပ်ကွက်ရှိ ရတနာကျောင်းတိုက်၊   ဒလမြို့ နယ်    ဓနုတ်ကျေးရွာရှိ   ဓနုတ် ကျောင်းတိုက်၊    ဧရာဝတီတိုင်း ဒေသကြီး  ပုသိမ်မြို့   သဲအင်းဂူ တရားပြကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး      ချမ်းအေးသာစံ မြို့နယ်      မင်းကြီးကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး       ပြည်မြို့ နဝင်းရပ်ကွက်ရှိ       သီတဂူဗုဒ္ဓ ကောလိပ်(ပြည်)တို့ရှိ  ဆရာတော်၊ သံဃာတော်များနှင့်   သာသနာ့ နွယ်ဝင်     သီလရှင်များအတွက် ဆွမ်းဆန်တော်၊   ဆီ၊   ဆား၊  ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး   အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို        သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်      အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း       သတင်းရရှိ သည်။ 


သတင်းစဉ်