တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  မေ   ၁၄


တပ်မတော်   (ကြည်း၊  ရေ၊ လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ    ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်        သီလရှင် ကျောင်းများနှင့်    ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်း ခြင်းနှင့်    ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်    ထန်းပင်ကုန်း ရပ်ကွက်ရှိ မင်္ဂလာတောင်တော်ဦး ကျောင်းတိုက်၊   တွံတေးမြို့နယ် အလံအုပ်ကျေးရွာရှိ တောရတပ်ဦး ကျောင်းတိုက်၊    ဧရာဝတီတိုင်း ဒေသကြီး   ပုသိမ်မြို့   နိဂြောဓာရုံ ညောင်ပင်သာ   ပရိယတ္တိစာသင် တိုက်နှင့်    သစ္စာဝေစည်ကျောင်း တိုက်တို့မှ   သံဃာတော်များနှင့် သာသနာ့နွယ်ဝင်   သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြု   ပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို     တိုင်းစစ်ဌာနချုပ် အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက   သွားရောက် ဆက်ကပ်လှူဒါန်းပြီး နယ်မြေခံ ဆေးအဖွဲ့များက    လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

 


အလားတူ     ရှမ်းပြည်နယ် မြောက်ပိုင်း  လားရှိုးမြို့ သိရီမင်္ဂလာ မန်ဆူကျောင်းတိုက်၌     သံဃာ တော်အပါး  ၁၅၀ နှင့်  သာသနာ့ နွယ်ဝင် သီလရှင်များအား  အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင် များကလည်းကောင်း၊      ဧရာဝတီ တိုင်းဒေသကြီး        ပုသိမ်မြို့ သာသနာ့       ဗိမာန်တော်ကြီး၌  တိုင်းဒေသကြီးအတွင်း သီတင်း သုံးတော်မူကြသော   သံဃာတော် ၃၁၅၉ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် ၄၆၄ ပါးအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း   စစ်ဌာန ချုပ်     တိုင်းမှူး   ဗိုလ်ချုပ် အောင်အောင်နှင့်   အလှူရှင်များ ကလည်းကောင်း ဆွမ်းဆန်စိမ်း များ ဆက်ကပ်လောင်းလှူခြင်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းတို့   ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်