တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဧပြီ   ၂၄


တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့်   စေတနာရှင် အလှူရှင်များက           မြို့နယ် အသီးသီးရှိ         ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့   ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေး မျိုးနှင့်     လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့်       နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာယနေ့တွင်           ရှမ်းပြည်နယ် (တောင်ပိုင်း)     ကျေးသီးမြို့ရှိ ဟော်ခမ်းကျောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်  ပြည်အရှေ့ ရပ်ကွက်ရှိ        သာသနာ့တံခွန် ကျောင်းတိုက်၊    ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့ရှိ စွန်းလွန်းကျောင်း   စာသင်တိုက် နှင့်  စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့နယ်          ပန်ဆောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့မှ ဆရာ တော်၊         သံဃာတော်များနှင့် သာသနာ့နွယ်ဝင်    သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မ အလှူ ငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး   အထောက်အကူပြုပစ္စည်း များ၊   နေ့ဆွမ်းများနှင့်  လှူဖွယ် ပစ္စည်းများကို         သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိ သူများက  သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း          သိရ  သည်။


သတင်းစဉ်