
နေပြည်တော် ဩဂုတ် ၉
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်အလှူ ရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း များကိုဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းဆတ် မြို့နယ်ရှိ မြို့ဦးဘုန်းကြီးကျောင်း၊ မြို့မဘုန်းကြီးကျောင်း၊ ဘုန်းတော် ကြီးသင်ပညာရေး သဗ္ဗညု ဘုန်းကြီးကျောင်း၊ ဓာတ်စွမ်းဟုန် ဘုန်းကြီးကျောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာရှိ မင်းလွင် ကုန်း တပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြရတနာသီရိ ကျောင်းတိုက်၊ သာသနာ့ ရောင်ခြည်ကျောင်း တိုက်၊ ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့ရှိ အောင်မြေရတနာ ဘုန်းတော်ကြီး ကျောင်းတိုက်၊ ပုပ္ပါရုံဘုန်းတော်ကြီး ကျောင်း တိုက်၊ မန္တလေးတိုင်းဒေသကြီးအောင်မြေသာစံမြို့နယ် ရွှေမဂ္ဂင် စာသင်တိုက်တို့ရှိ သံဃာတော်များ နှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်