
နေပြည်တော် ဇွန် ၁၀
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ သာသနာ့ဝေပုလ္လပရိယတ္တိစာသင် တိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့ သုဝဏ္ဏ သီရိဟုန်းခမ်းကျောင်းတိုက်၊ မွန်ပြည်နယ် သထုံမြို့ ဇရစ် ချောင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် အင်းတိုင်ကျေးရွာရှိ ကျိုက်ဒေဝိဘုရား ကျောင်းတိုက်၊ သန်လျင်မြို့နယ် ကရင်ဆိပ်စံပြကျေးရွာရှိ အောင်မင်္ဂလာ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက်၊ မောင်တောမြို့ တောင်ပြို လက်ဝဲမြို့ရှိ နံ့သာတောင်ပညာဒါနပရဟိတ ဘုန်းတော်ကြီး ကျောင်းတိုက်၊ ဘူးသီးတောင်မြို့ရှိ အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ သဒ္ဓမ္မဇောတိကာရာမ ဘုန်းတော်ကြီးကျောင်း၊ အမ်းမြို့ရှိ စာရုတောင်ဘုန်းတော်ကြီး ကျောင်း၊ စစ်တွေမြို့ရှိ သုဝဏ္ဏဘူမိတပ်ဦးကျောင်း၊ မင်းပြား မြို့ရှိ ဘူးပင်တပ်ဦးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်ရှိ တက္ကသိုလ်မုခ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် အမှတ် (၁)ရပ်ကွက်ရှိ အရှေ့တောရဘုန်းတော်ကြီးကျောင်း၊ စလင်းမြို့ နယ် တောစိမ့်ကျေးရွာရှိ မင်္ဂလာတောရ ဘုန်းတော်ကြီးကျောင်း၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာရှိ ရွာဦးဘုန်းတော် ကြီးကျောင်းတို့မှသံဃာတော်များနှင့်သာသနာ့နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းပြီး နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်