
နေပြည်တော် ဇွန် ၆
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေး မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်း ခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဗိုလ်ချုပ် ကျေးရွာရှိ ဆုထူးပန်ကျောင်း တိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ လေဆိပ်တပ်ဦးစာသင် တိုက်၊ သဲအင်းဂူတရားပြကျောင်း တိုက်၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့ရှိ ဝါးခုတ်ချောင်းဘုန်းတော် ကြီးကျောင်း၊ မြောက်ဦးမြို့ရှိ ဆင်ဝန်တောင် ဘုန်းတော်ကြီး ကျောင်း၊ တောင်ကုတ်မြို့ရှိ ဓမ္မ ရက္ခိတ ဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး သပိတ် ကျင်းမြို့နယ်ရှိ ကျောက်လှည်းဘီး ရွာသစ် ဘုန်းတော်ကြီးကျောင်း၊ ဝါးဖြူတောင်ကျေးရွာ ဘုန်းတော် ကြီးကျောင်း၊ အုန်းတကူးကျေးရွာ ရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။ သတင်းစဉ်