တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မတ်    ၅


တပ်မတော် (ကြည်း၊ ရေ၊  လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊  သာသနာ့နွယ်ဝင်   သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မြသီတာရပ်ကွက်ရှိ မြသိန်းတန်ကျောင်းတိုက်၊ ဒလမြို့နယ် ပျော်ဘွယ် ကြီး ကျေးရွာရှိ  ပုခဏ်းကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး   ပုသိမ်မြို့ တပ်ဦးကျောင်းတိုက်၊ ရခိုင် ပြည်နယ် စစ်တွေမြို့ သင်ပုန်းတန်းဘုန်းတော်ကြီးကျောင်း၊ အမ်းမြို့ ငွေချန်တောင်ရွာ ဘုန်းတော်ကြီး ကျောင်း၊ ဘူးသီးတောင်မြို့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်း၊   ရသေ့တောင်မြို့  တောရဘုန်းတော်ကြီး ကျောင်း၊ တောင်ကုတ်မြို့  ရန်ခေါ်ဘုန်းတော်ကြီး ကျောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ် ဖားအောက်တောရဗုဒ္ဓသာသနာရိပ်သာနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေလက်လှရပ်ကွက်  အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာ တော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း  သတင်းရရှိသည်။

သတင်းစဉ်