
နေပြည်တော် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) ကို အများ ပြည်သူများနှင့် ကလေးသူငယ် များ ကြည့်ရှုလေ့လာနိုင်ရန် တိရစ္ဆာန်ချစ်မြတ်နိုးသူများ အစား အစာများ ကျွေးမွေးလှူဒါန်းနိုင်ရန် အတွက် ဖွင့်လှစ်ထားရှိလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား လျက်ရှိခြင်းကြောင့် လာရောက် ကြည့်ရှုသူနည်းပါးပြီး တိရစ္ဆာန် များအတွက် အစားအစာလုံလောက် မှုတွင် အခက်အခဲများ ဖြစ်ပေါ် လျက်ရှိသည်။
တိရစ္ဆာန်များ၏ အစားအစာ လုံလောက်စေရေးတွင် အထောက် အကူဖြစ်စေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသီဟဖေက လက်ခံယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား တာဝန်ရှိသူများက တိရစ္ဆာန် ဥယျာဉ်ရှိ တိရစ္ဆာန်များအား အစား အစာများ ကျွေးမွေးလှူဒါန်းကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်